မလေးရှားနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဖြစ်သူ Yeo Bee Yin က မလေးရှားနိုင်ငံကို တင်သွင်းထားတဲ့ ပလတ်စတစ် တန်ချိန် ၃ ထောင်ကျော်ကို မူလနိုင်ငံများဆီ ပြန်လည် ပို့ဆောင်သွားမယ်လို့ မေလ ၂၇ ရက်နေ့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ တရုတ်က ပလတ်စတစ်အမှိုက် တင်သွင်းခွင့်ကို ပိတ်ပင်ပြီးတဲ့နောက် မလေးရှားနိုင်ငံကို ကမ္ဘာ့နိုင်ငံ အသီးသီးက ပလတ်စတစ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
တရားမဝင် ဝင်ရောက်လာခဲ့တဲ့ အမှိုက် ကွန်တိန်နာပါင်း ၆၀ ကျော်ကို မူလနိုင်ငံတွေဆီ ပြန်ပို့မှာ ဖြစ်တယ်လို့ ဝန်ကြီးဖြစ်သူ Yeo Bee Yin က ဆိုပါတယ်။ နောက်ပြီး နိုင်ငံအတွင်းကို တရားမဝင် အမှိုက် တင်သွင်းတာဟာ နိုင်ငံတော်ကို သစ္စာဖောက်တာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ မကြာသေးခင်ကလည်း ဖိလစ်ပိုင်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့ဟာ အမှိုက်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ဖြစ်ခဲ့ပါသေးတယ်။
မလေးရှားနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဖြစ်သူ Yeo Bee Yin က ပလတ်စတစ် အမှိုက်တွေဟာ မလေးရှားနိုင်ငံမှာ နေထိုင်သူတွေအတွက် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒီလို ပလတ်စတစ်အမှိုက် တင်ပို့မှု လုပ်တာတွေ ရပ်တန်းက ရပ်ဖို့ ပြောဆိုခဲ့ပါတယ်။
ပလတ်စတစ် အမှိုက်တွေ ပြန်လည် ပို့ဆောင်ခြင်းခံရမယ့် နိုင်ငံတွေမှာ အမေရိကန်၊ သြစတေးလျ၊ ကနေဒါနဲ့ အင်္ဂလန်နိုင်ငံတို့ ပါဝင်နေတယ်လို့ သိရပါတယ်။
Ref; Bangkok Post
You may also like these stories:
ကမ္ဘာကြီးပူနွေးလာမှုကို သတိရှိရှိ ရင်ဆိုင်ဖြေရှင်းနေတဲ့ ထိပ်တန်း ၃ နိုင်ငံ
တရုတ်နိုင်ငံမှာ ဆောက်လုပ်နေတဲ့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်
ခေါင်းဆောင်ကောင်းဆိုတာ ခေါ်သွားတဲ့သူရဲ့လုံခြုံရေးကို စီစဉ်ပေးနိုင်ရမယ်
စင်ကာပူနိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံး Jewel Changi လေဆိပ်