ထိုင်းနိုင်ငံက လူမှုကွန်ရက် စာမျက်နှာတွေမှာ ငါးခူကြီးတွေကို ဗွက်အိုင်ထဲက သယ်ဆောင်လာတဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့နေပါတယ်။ ရေလှောင်ကန် ရေခမ်းတာကြောင့် ငါးတွေ သေဆုံးရခြင်းဖြစ်ပြီး ဒါဟာ ထိုင်းနိုင်ငံ ရာသီဥတုအတွက် နိမိတ်မကောင်းဘူးလို့ ဆိုပါတယ်။
အဆိုပါ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ဒေသခံတွေက ရေလှောင်ကန်မှာ အသက်ရှင်ကျန်တဲ့ ငါးခူကြီးတွေကို ကယ်တင်နေတာကို တွေ့ရပါတယ်။ Mae Kampong ရေလှောင်ကန်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မှာရှိတဲ့ Phrae ခရိုင်အတွင်းက ရေလှောင်ကန်ဖြစ်ပြီး ငါးတွေကို ကယ်ဆယ်ဖို့ အချိန်မမှီတာကြောင့် ၄ ကောင်သာ အသက်ရှင် ကျန်ရစ်တာ ဖြစ်ပါတယ်။
ဒီလဟာ ထိုင်းနိုင်ငံရဲ့ ရာသီဥတုပုံစံ အတိုင်းဆို အပူဆုံးလ ဖြစ်နေပြီး မုတ်သုန်မိုး ရွာသွန်းဖို့ နောက်ကျနေတာကြောင့် ငါးတွေ အခုလို သေဆုံးရတာဖြစ်ပါတယ်။ ငါးကယ်ဆယ်ရေးမှာ ပါဝင်တဲ့ ငါးဖမ်းသမားတဦးဖြစ်တဲ့ Sangwan Durayab ကတော့ “ဒီခရိုင်မှာ အခုလို မိုးခေါင်ပြီး ငါးတွေသေဆုံးတာ ပထမဆုံး အကြိမ်ပါပဲ”လို့ ဆိုပါတယ်။
“ရေ လျော့နည်းလာတော့ ဗွက်အိုင်လိုမျိုး ဖြစ်လာတယ်။ ငါးတွေက ဗွက်ထဲမှာ နစ်ပြီး သေဆုံးရတာဖြစ်တယ်။ အသက်ရှင်ကျန်ရစ်တဲ့ ငါးတွေကိုတော့ နီးစပ်ရာ ရေအိုင်ကို တတ်နိုင်သလောက်မြန်မြန် ပြောင်းပေးဖို့ လုပ်နေပါတယ် ” လို့ Sangwan Durayab က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။
သေဆုံးသွားတဲ့ ငါးတွေကို ဈေးကွက်မှာ ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၅ထောင် ခန့် ရရှိပြီး ရရှိလာတဲ့ ပိုက်ဆံတွေကိုတော့ ဒေသခံတွေကို ခွဲဝေပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref; coconuts.co
You may also like these stories:
ထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေယာဉ်ခရီးစဉ်တချို့ နောက်ကျခဲ့ရ
ထိုင်းဘုရင် နန်းတက်ပွဲတွင် ကြောင်အစစ် သုံး၊ မသုံး ဒွိဟဖြစ်နေကြ