အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Deerfield ကမ်းခြေမှာ ပြီးခဲ့တဲ့ စနေနေ့က ရေငုပ်သမား ၆၃၃ ယောက်နဲ့ ဂင်းနစ်စံချိန် မှတ်တမ်းဝင်အောင် ရေအောက်သန့်ရှင်းရေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ဟာ ပင်လယ်ရေအောက် ကြမ်းပြင်မှာ ရှိတဲ့ အမှိုက်တွေကို ရှင်းလင်းဖို့ စုဝေးခဲ့တာလည်း ဖြစ်ပါတယ်။ ဂင်းနစ်အဖွဲ့ရဲ့ အကဲဖြတ်ဒိုင်လူကြီး ဖြစ်တဲ့ Michael Empric ဟာ ရေငုပ်သမား တဦးချင်းစီကို ၁၅ မိနစ်ထက် မနည်း ရေငုပ်တယ်ဆိုတာ သေချာအောင် စောင့်ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီသန့်ရှင်းရေးလုပ်တဲ့ အစီအစဉ်ကို ကမ္ဘာအနှံ့က ရေငုပ်သမားတွေ လာရောက် ပူးပေါင်းခဲ့ပြီး မြောက်အမေရိကန်နဲ့ ဥရောကတိုက်က ရေငုပ်သမားတွေ အများအပြား ပါဝင်တယ်လို့ သိရပါတယ်။
“ကျနော် ကိုယ်တိုင် ဒီ မှတ်တမ်းတင်တဲ့ အစီအစဉ်မှာ မျက်မြင်သက်သေအဖြစ်နဲ့ ရှိနေခဲ့ပါတယ်။ ရေငုပ်သမား တယောက်ချင်းစီရဲ့ ရေငုပ်ချိန်ကို သေချာမှတ်ခဲ့ပါတယ်။ မတော်တဆတောင်မှ စံချိန်ပျက်သွားတာမျိုး မဖြစ်ရအောင်ပေါ့ ” လို့ Michael Empric က ပြောပါတယ်။
၂၀၁၅ ခုနှစ်ကလည်း ဒီလို စံချိန်တင် ရေငုပ်မှုကို ရေငုပ်သမား ၆၁၄ ယောက်နဲ့ ပင်လယ်နီမှာ ပြုလုပ်ခဲ့ပါသေးတယ်။ အခုပြုလုပ်တဲ့ သန့်ရှင်းရေးအစီအစဉ်မှာ အမှိုက် ၁,၆၂၆ ပေါင်နဲ့ ငါးဖမ်းပိုက် ၆၀ ပေါင်တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref. Truththeory.com
You may also like these stories:
ပိုလန်နိုင်ငံမှာ ဖွင့်လှစ်မယ့် ကမ္ဘာ့အနက်ဆုံး ရေကူးကန်