သစ်တောပြုန်းတီးမှုဟာ လက်ရှိအချိန်မှာ ကမ္ဘာနဲ့တဝှမ်း ရင်ဆိုင်နေရတဲ့ ပြသနာတခုဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပွားစေတဲ့ မူလအရင်းအမြစ်လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတည်းကစပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ထိန်းချုပ် ပြုလုပ်ခဲ့ကြပေမယ့် တနှစ်ထက်တနှစ် ရာသီဥတု ဆိုးရွားမှုတွေနဲ့သာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့တော့ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ လျင်မြန် လွယ်ကူပြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ ယုံကြည်ထားတဲ့ အစီအစဉ်တခုကို ဖော်ဆောင်လိုက်ပြီပဲ ဖြစ်ပါတယ်။
သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ပြုလုပ်လိုက်တဲ့ ထိုင်းနိုင်ငံရဲ့ အစီအစဉ်ကတော့ နိုင်ငံပိုင် စစ်တပ်သုံး လေယာဉ်တွေကို အသုံးချပြီး သစ်စေ့တွေကို ကောင်းကင်ကနေ ကြဲချတာပဲ ဖြစ်ပါတယ်။
လေယာဉ်တွေနဲ့ ကြဲချလိုက်တဲ့ အဲဒီ သစ်စေ့တွေဟာဆိုရင်တော့ ပျက်စီးနေတဲ့ မြေနေရာတွေနဲ့ သစ်ပင်တွေနည်းပါးနေတဲ့ မြေနေရာတွေမှာ သစ်ပင်မျိုး စိတ်ပေါင်းများစွာကို အချိန်တိုအတွင်း ရှင်သန်ပေါက်ရောက်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး အချိန်ကုန်၊ လူပင်ပန်းမှု သက်သာစေအောင် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ အစီအစဉ်တခုလို့လည်း ပြောလို့ရပါတယ်။
ထိုင်းနိုင်ငံ အစိုးရအနေနဲ့ ဒီအစီအစဉ် အောင်မြင် ပြီးမြောက်စေဖို့အတွက် ပရောဂျက် ကာလကို ၅ နှစ်အထိ သတ်မှတ်ထားပြီး အစီအစဉ်ကနေ ရရှိလာမယ့် အကျိုးရလဒ်ကိုတော့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ တွေ့ရှိရဖို့ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။
ပထမဆုံး စတင် ပြင်ဆင်ခဲ့တာကတော့ ထိုင်းနိုင်ငံ၊ Phitsanulok မြို့ရဲ့ ၈၀၀ ဟက်တာခန့် ကျယ်ဝန်းတဲ့ သစ်တောမြေနေရာပေါ်ကို သစ်စေ့တွေ ကြဲချခဲ့တာဖြစ်ပြီး ဒီကြဲချခဲ့တဲ့ သစ်စေ့တွေဟာဆိုရင် သစ်ပင် တပင်အဖြစ် ရှင်သန်ပေါက်ရောက်ဖို့ စိုက်ပျိုးရေး နည်းပညာနဲ့ ပြုပြင်စီမံပြီးသား သစ်စေ့တွေပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကိုတော့ ဂျပန်လူမျိုး သဘာဝ စိုက်ပျိုးရေး ပညာရှင် Fukuoka ရဲ့ ကူညီ ဖန်တီးပေးမှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး တရက်တည်းမှာတင် သစ်ပင်ပေါင်း ၉ သိန်းခန့်ကို တပြိုင်နက်တည်း စိုက်ပျိုးနိုင်တဲ့ အစီအစဉ်ကောင်း တခုလည်း ဖြစ်ပါတယ်။
ကြဲချခဲ့တဲ့ သစ်စေ့တွေဟာဆိုရင် ထိုင်းနိုင်ငံရဲ့ မြေဆီလွှာနဲ့ ကိုက်ညီတဲ့ သစ်စေ့ အမျိုးအစားတွေပဲဖြစ်ပြီး ကောင်းကင်ကနေ မြေကြီးပေါ် ကျသွားချိန်မှာ အလွယ်တကူ ရှင်သန်ပေါက်ရောက်နိုင်စေဖို့ မြေကြီး၊ ရွှံ့စေးနဲ့ သစ်ရွက်ဆေး မြေသြဇာတို့နဲ့ ပေါင်းစပ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
Ref. thewildchild.co.za
You may also like these stories:
သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ သစ်တော ဧကပေါင်းများစွာ ဝယ်ခဲ့တဲ့ Fortnite ဂိမ်း ဖန်တီးသူ
နေ့တိုင်း သစ်ပင်စိုက်ပြီး နှစ်ပေါင်း ၄၀ အကြာမှာ တောအုပ်အဖြစ် ဖန်တီးနိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ကာကွယ်ဖို့ သစ်ပင် သန်း ၁ ထောင်ခန့် စိုက်ပျိုးမယ့် နယူးဇီလန်နိုင်ငံ
ကမ္ဘာအနှံ့ကလူတွေ ရိုက်ကူးခဲ့တဲ့ ကမ္ဘာမြေရဲ့ 10 Years Challenge ပုံရိပ်များ