နေ့စဉ် လူနေမှုဘဝရဲ့ အသုံးအဆောင် ပစ္စည်းတွေထဲမှာ မပါမဖြစ် ပါဝင်နေတဲ့ ပလတ်စတစ်တွေဟာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဆွေးမြေ့ ပျက်စီးသွားနိုင်ခြင်း မရှိတာကြောင့် ပလတ်စတစ် ညစ်ညမ်းမှုဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံတွေ့နေရတဲ့ သဘာဝ ပတ်ဝန်းကျင် ပြဿနာလည်း ဖြစ်ပါတယ်။
ပလတ်စတစ်တွေဟာ သဘာဝပတ်ဝန်းကျင်ကိုပဲ ထိခိုက်ပျက်စီးစေနိုင်တာ မဟုတ်ဘဲ တိရစ္ဆာန် သတ္တဝါတွေကိုပါ သေကြေ ပျက်စီးစေနိုင်တဲ့အထိ အန္တရာယ် ရှိနေပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေ ပျက်စီးနေကြရတဲ့ သတ္တဝါတွေ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) စင်ရော်များ
ပင်လယ်မှာ ကျက်စားနေထိုင်ကြတဲ့ ပင်လယ်ပျော် ငှက်တွေဟာ နှစ်စဉ် နှစ်တိုင်းလိုလိုမှာ ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေဆုံးနေရတာပါ။ အဓိကအားဖြင့် စင်ရော်ငှက်တွေဟာ အစာရှာဖွေ စားသောက်ရင်း သူတို့ရဲ့အစာ ငါးအသေးအမွှားတွေအစား လူတွေ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေကိုသာ မျိုချမိတာကြောင့် သေဆုံးနေရတာ ဖြစ်ပါတယ်။
(၂) ဝေလငါးနဲ့ လင်းပိုင်များ
တခြားသော ရေနေ သတ္တဝါတွေလိုမျိုးပဲ ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေနေရတဲ့ သတ္တဝါတွေကတော့ ဝေလငါးနဲ့ လင်းပိုင်တွေ ဖြစ်ကြပြီး နှစ်စဉ် နှစ်တိုင်းလိုလိုမှာ ပင်လယ်တွင်းက ဝေလငါးနဲ့ လင်းပိုင် ၂၀ ရာခိုင်နှုန်းခန့်ဟာ ပလတ်စတစ်တွေကို အစာအဖြစ် မျိုချမိတာကြောင့် အစာခြေလမ်းကြောင်း ပိတ်ဆို့ပြီး သေဆုံးနေရပါတယ်။
(၃) ပင်လယ်လိပ်များ
လေ့လာမှု စစ်တမ်းတွေအရ ပင်လယ်လိပ်တွေဟာ လူသားတွေ ဖမ်းယူမှုကြောင့် တဖြည်းဖြည်း ရှားပါးလာမှုထက် ပလတ်စတစ်တွေကို အစာအမှတ်နဲ့ စားသုံးမိတာကြောင့် သေဆုံးမှုက ပိုမိုများပြားနေတယ်လို့ သိရပါတယ်။
(၄) ပင်လယ်ဖျံများ
ပင်လယ်ဖျံတွေကတော့ ပလတ်စတစ်တွေကို အစာအမှတ်နဲ့ မျိုချတာမျိုးကြောင့် သေဆုံးတာ မဟုတ်ဘဲ ပင်လယ်တွင်းက ပလတ်စတစ် အပိုင်းအစတွေနဲ့ ခန္ဓာကိုယ် ကပ်ငြိကာ အချိန်ကြာလာတာနဲ့အမျှ အသားတွေ ပွန်းပဲ့ ဒဏ်ရာရကာ သေဆုံးနေကြရတာပဲ ဖြစ်ပါတယ်။
You may also like these stories:
ပလတ်စတစ် အမှိုက်တွေ ကောက်လာပေးရုံနဲ့ ကျောင်းလခ ပေးစရာ မလိုတဲ့ စာသင်ကျောင်း
ပလတ်စတစ်ဘူးခွံပေါင်း ၁ သိန်းကို အသုံးပြုပြီး ကျွန်းတခု ဖန်တီးခဲ့တဲ့ အင်္ဂလန်နိုင်ငံသား
ရေမှာ ပျော်ဝင်ပျက်စီးသွားနိုင်တဲ့ ပလတ်စတစ်အိတ် အမျိုးအစားကို တီထွင်လိုက်တဲ့ အစ္စရေးနိုင်ငံသူ
သာမန် ကြော်ငြာတွေထက် ပိုပြီး လူတွေကို အသိပညာ ပေးနိုင်တဲ့ ကြော်ငြာများ