• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

တနှစ်ထက်တနှစ် သစ်တောပြုန်းတီးမှု ပိုများလာတဲ့ အမေဇုန်မိုးသစ်တောကြီး

by Aurora
9 August 2019
in Environment
A A
တနှစ်ထက် တနှစ် သစ်တောပြုန်းတီးမှု ပိုများလာတဲ့ အမေဇုန်မိုးသစ်တောကြီး

တနှစ်ထက် တနှစ် သစ်တောပြုန်းတီးမှု ပိုများလာတဲ့ အမေဇုန်မိုးသစ်တောကြီး

5.2k
VIEWS
Share on FacebookShare on Twitter

ဘရားဇီးနိုင်ငံက ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီးအဖြစ် ကျန်ရှိနေသေးတဲ့ အမေဇုန်သစ်တောကြီးဟာ ၂၀၁၈ ခုနှစ်ကထက်စာရင် ယခုနှစ် ၂၀၁၉ ခုနှစ်မှာ သစ်တောပြုန်းတီးမှု ပိုများလာတယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

အမျိုးသား အာကာသလေ့လာရေးအဖွဲ့ (INPE) ရဲ့ ထုတ်ပြန်ချက်အရ တနှစ်အတွင်းမှာ သစ်တောဧရိယာ ၈၇၀ စတုရန်းမိုင် ပြုန်းတီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီး တနှစ်ထက် တနှစ် သစ်တောပြုန်းတီးမှု ပိုများလာတာကိုပါ ဖော်ပြနေတယ်လို့ ဆိုပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
0
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
189
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
1.9k

မနှစ်က ဒီလိုအချိန်ထက် သစ်တောပြုန်းတီးမှု ရာခိုင်နှုန်း ၄၀ ကျော် ပိုမိုများပြားလာတယ်လို့ ဂြိုဟ်တုဓာတ်ပုံအသစ်တွေအရ ပြောဆိုလိုက်တာပါ။

INPE ဟာ ၂၀၀၄ ခုနှစ်ကစလို့ အမေဇုန်သစ်တောပြုန်တီးမှုကို စောင့်ကြည့်လေ့လာဖို့ သူတို့ကို ကူညီပေးနေတဲ့ DETER အဖွဲ့ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ၂၀၁၉ အတွက် သစ်တောပြုန်းတီးမှု ကိန်းဂဏန်းတွေကို ထုတ်ပြန်ခဲ့ပေမယ့် ဘရာဇီးသမ္မတ Bolsonaro နဲ့ ပတ်ဝန်းကျင်ဝန်ကြီးက INPE ရဲ့ ဖော်ပြချက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ ငြင်းဆို ထောက်ပြခဲ့ပြီး INPE ဥက္ကဋ္ဌ Ricardo ကိုလည်း ရာထူးကန ှုတ်ထွက်စေခဲ့ရပါတယ်။

ဒါ့ပြင် သမ္မတ အစိုးရအဖွဲ့ကလည်း အမေဇုန် သစ်တောပြုန်းတီးလာမှုကို စောင့်ကြည့်လေ့လာဖို့ ပုဂ္ဂလိကကုမ္ပဏီ တခုကို ငှားရမ်းသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လကနေ ၂၀၁၉ ဇူလိုင်လအတွင်း ပြုန်းတီးခဲ့တဲ့ သစ်တောပမာဏ စတုရန်းမိုင် ၈၇၀ ဟာ လော့စ်အိန်ဂျလိစ်မြို့ကြီးရဲ့ ၂ ဆ အကျယ်အဝန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ၊ ဇွန်လ တလတည်းမှာတင် သစ်တောပြုန်းတီးမှုဟာ တနှစ်လုံးစာရဲ့ ၈၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အမေဇုန်သစ်တော ပမာဏဟာ စတုရန်းမိုင်ပေါင်း ၂ ဒဿမ ၁ သန်းကျော် ကျန်ရှိနေသေးတာမို့ နှိုင်းယှဉ်ကြည့်ရင် မက္ကဆီကိုနိုင်ငံ အကျယ်အဝန်းထက် အနည်းငယ်ပိုကြီးတဲ့ အတိုင်းအတာ ရှိနေပါသေးတယ်။

ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီးဖြစ်တဲ့ အမေဇုန်သစ်တောကြီးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို နှစ်စဉ် တန်ချိန် ၂ ဘီလီယံကျော်လောက် စုပ်ယူပေးနေတဲ့ တခုတည်းသော မိုးသစ်တောလည်း ဖြစ်သလို လူသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ တကမ္ဘာလုံးရဲ့ အောက်စီဂျင်ပမာဏ ၂၀ ရာခိုင်နှုန်းကျော်ကိုပါ ထုတ်လွှတ်ပေးနေတာပါ။

လက်ရှိသမ္မတဟာ မဲဆွယ်ကာလမှာ မိုးသစ်တော ဧရိယာထဲမှာ စိုက်ပျိုးရေးတွေ လုပ်ခွင့်ပေးမယ်ဆိုပြီး ပြော ဆိုခဲ့ဖူးတာကြောင့် သစ်တောပြုန်းတီးမှု အတိုင်းအတာနဲ့ ပတ်သက်ပြီး အခုလို အငြင်းပွားမှုတွေ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

Ref: The Telegraph

You may also like these stories:

လူသားတွေဟာ ကမ္ဘာကြီးရဲ့ ၁ နှစ်စာ သယံဇာတများကို ဇူလိုင်လမှာ အားလုံး သုံးစွဲခဲ့

သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ထိုင်းစစ်တပ်မှ သစ်စေ့ပေါင်း ၉ သိန်းခန့် ကောင်းကင်ပေါ်မှ ကြဲချ

သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ သစ်တော ဧကပေါင်းများစွာ ဝယ်ခဲ့တဲ့ Fortnite ဂိမ်း ဖန်တီးသူ

ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ကာကွယ်ဖို့ သစ်ပင် သန်း ၁ ထောင်ခန့် စိုက်ပျိုးမယ့် နယူးဇီလန်နိုင်ငံ

Your Thoughts …
Tags: သစ်တောပြုန်းတီးမှုအမေဇုန်မိုးသစ်တော
Aurora

Aurora

Contributor

Similar Picks:

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

by Kannikar Petchkaew
12 May 2025
3.3k

လွိုင်ခမ်းသည် တရုတ်ကုမ္ပဏီ လေးခုအပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။

သစ်ထုတ်လုပ်မှုက စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေ

သစ်ထုတ်လုပ်မှုက စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေ

by Audrey Thill
14 June 2024
1.2k

စစ်တပ်က အသုံးပြုသည့် သေနင်္ဂဗျူဟာတခုမှာ သစ်များကို နိုင်ငံတကာ ဝယ်ယူသူများသို့ ရောင်းရန် အရေးယူပိတ်ဆို့မှုများအား ကျော်လွှားသည့်နည်း ဖြစ်သည်။

ပဋိပက္ခကြောင့် မြန်မာ့ရာသီဥတုပြောင်းလဲမှုအန္တရာယ် ပိုမိုပြင်းထန်စေ

ပဋိပက္ခကြောင့် မြန်မာ့ရာသီဥတုပြောင်းလဲမှုအန္တရာယ် ပိုမိုပြင်းထန်စေ

by Alex Lo
4 May 2024
695

စစ်တပ်က ဖြိုခွဲခြင်း၏ လတ်တလော အကျိုးဆက်မှာ အဓိကကျသည့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ နိုင်ငံမှာထွက်ခွာရ၊ ဖမ်းဆီးခံရ၊ ပုန်းအောင်းနေထိုင်ရခြင်း ဖြစ်သည်။

ကမ္ဘာမြေအတွက် မြန်မာ့သတင်းမီဒီယာ

ကမ္ဘာမြေအတွက် မြန်မာ့သတင်းမီဒီယာ

by ငြိမ်းငြိမ်း
3 May 2024
545

ယခုရက်ပိုင်းအတွင်း အပူဒဏ် လျော့နည်းသက်သာဖို့ “သစ်ပင်စိုက်ကြပါ” ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုတွေ Facebook လူမှုကွန်ရက်မှာပါ ရေပန်းစားနေပြီး ဆွေးနွေးဖြန့်ချိမှုတွေကို မြင်လာရပါတယ်။

“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

by ငြိမ်းငြိမ်း
23 March 2024
485

သံလွင်မြစ်ဟာ လူတိုင်းအတွက်ဖြစ်တယ်။ လူတွေ ငါးလာဖမ်းနိုင်သလို ခရီးသွားလို့လည်း ရတယ်။

မစ္စတာ ဘီဇော့သည် နယ်သာလန်နိုင်ငံ၊ ရော့တာဒန်မှ Oceanco လုပ်ငန်းကို သူ့အတွက် ကမ္ဘာတွင် အကြီးမားဆုံး ရွက်သင်္ဘောအား ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်ပေးရန် အပ်နှံသည်။

ဂျက်ဖ် ဘီဇော့ရဲ့ ရွက်လှေ မြန်မာကျွန်းသစ်တွေ ဆင်ထားလား

by Paul Woolwich
24 June 2023
6.3k

ကမ္ဘာတွင် အကောင်းဆုံး ကျွန်းသစ်ကို မြန်မာတွင် တွေ့ရသောကြောင့် ဘီဇော့၏ ရွက်သင်္ဘော ကုန်းပတ်အတွက် ကျွန်းသစ် ဧကပေါင်းမျာစွာ အသုံးပြုခဲ့ပေလိမ့်မည်။

Next Post
ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

"နေရာတကာမှာ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူး"လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော 

MSF မှ ဒုတိယ ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာဘုန်းသစ် / သဇင်လှိုင် / ဧရာဝတီ

အသည်းအရောင် အသားဝါ စီပိုး ကုသမှုက အရမ်းကို ရိုးရှင်းလွယ်ကူနေပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate