• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ရေကြီးမြေပြိုမှုကြောင့် လူ ၁ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေ

by ညီညီသူ
9 August 2019
in Environment
A A
ရေကြီးမြေပြိုမှုကြောင့် အိန္ဒိယက ပြည်နယ် အချို့က လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်

ရေကြီးမြေပြိုမှုကြောင့် အိန္ဒိယက ပြည်နယ် အချို့က လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်

9.1k
VIEWS
Share on FacebookShare on Twitter

ဒီတနှစ်ရွာတဲ့ မိုးက တောင်အာရှဒေသတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါတယ်။ တောင်အာရှဒေသတွေ တင်မကပါဘူး။ မြန်မာနိုင်ငံရဲ့ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း စတဲ့ ဒေသက မြို့အတော်များများမှာလည်း မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်ကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်နေပါတယ်။ အဲဒီအတွက်ကြောင့်လည်း လူပေါင်းများစွာ ဒုက္ခရောက် နေကြရပါတယ်။

အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း နေ့စဉ်ရက်ဆက် ဆိုသလို မိုးရွာသွန်းနေပါတယ်။ အခုလို မိုးဆက်တိုက် ရွာနေတဲ့အတွက် အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ အာသံ၊ မဏိပူရ၊ မီဇိုရမ်၊ Nagaland၊ Arunachal Pradesh၊ Sikkim နဲ့ Tripura စတဲ့ပြည်နယ်တွေမှာ လူပေါင်း ၁ သန်းလောက် အိုးအိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
199
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
827

နီပေါနိုင်ငံမှာဆိုရင်လည်း နေ့စဉ် မိုးရွာနေတဲ့အတွက် လူ ၅၀ ကျော် သေဆုံးခဲ့ရပြီး အယောက် ၃၀ ကတော့ အခုချိန်ထိတိုင် ပျောက်ဆုံးနေတုန်းပါပဲ။ အခုလို ရာသီဥတုတွေ ဆိုးရွားနေတဲ့အတွက် နီပေါနိုင်ငံရဲ့ အဝေးပြေး ကားလမ်းမကြီးတွေကို ပိတ်ထားရပြီး ဖုန်းလိုင်း ဆက်သွယ်မှုတွေလည်း  ပြတ်တောက်နေပါတယ်။ လူပေါင်း ၁၀,၀၀၀ လောက်ကလည်း နေအိမ်တွေကို စွန့်ခွာသွားကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အာသံပြည်နယ်မှာတော့ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ရပြီး ရွာအများအပြား ပျက်စီးခဲ့ပါတယ်။ NGO အဖွဲ့ဝင်တယောက်ဖြစ်သလို ကျေးလက်ဒေသ စေတနာ့ဝန်ထမ်း စင်တာကို တည်ထောင်ခဲ့တဲ့ ရာဘင်ဒြာနာသ်(Ravindranath) ကလည်း မိုးဆက်တိုက် ရွာသွန်းနေတာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“မိုးရွာသွန်းမှု ပုံစံအပေါ် မူတည်ပြီး လူတွေက ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခံစားရလေ့ ရှိပါတယ်။ အခုဆိုရင် ရာသီဥတု ပြောင်းလဲလာတဲ့ အခြေအနေကြောင့် မိုးရွာသွန်းမှု ပုံစံကလည်း  ပြောင်းလဲလာခဲ့ပါတယ်”လို .့ သူက ပြောပါတယ်။

ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်တွေကို ခံစားနေရတာ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေတင် မဟုတ်ပါဘူး။ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာပါ ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်တွေကို ခံစားနေရပါတယ်။ မီဇိုရမ်ပြည်နယ်ရဲ့ မြို့ငယ်လေးတမြို့ ဖြစ်တဲ့ Tlabung မြို့မှာဆိုရင်လည်း အိမ်အလုံးပေါင်း ၄၀၀ လောက် ရေမြှုပ်ခဲ့တယ်လို့ ဒေသခံ ရဲအရာရှိက ပြောပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ အနောက်ပိုင်းပြည်နယ်တခုဖြစ်တဲ့ Maharashtra ပြည်နယ်ဟာ ခရီးသွားလုပ်ငန်းကြောင့် ဖွံ့ ဖြိုးလာတဲ့ ပြည်နယ်ပါ။ အခုတော့ အဲဒီပြည်နယ်လည်း ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို ခံနေရပါတယ်။ Maharashtra ပြည်နယ်ရဲ့ သမိုင်းဝင်မြို့ ဖြစ်တဲ့ Kolhapur မြို့မှာဆိုရင်လည်း ရွာပေါင်း ၁,၂၃၄ ရွာ ရှိတာမှာ ၂၀၄ ရွာလောက်က ရေမြှုပ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကျေးလက်တွေမှာ နေထိုင်ကြတဲ့ လယ်သမားပေါင်း တဒါဇင်လောက်ကတော့ မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထုတ်ဝေနေတဲ့ Associated Press သတင်းစာမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် လူပေါင်း ၄၀,၀၀၀ ကျော်ဟာ ရေကြီး မြေပြိုမှုတွေကြောင့် အိုးအိမ်မဲ့ ဖြစ်နေကြတယ်လို့ ရေအရင်းအမြစ်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ဝင် တယောက်ဖြစ်တဲ့ Rabiul Islam က ပြောပါတယ်။

Ref. theguardian, 12go.asia

You may also like these stories:

ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချပေးနိုင်မယ့် ကမ္ဘာတဝှမ်းက ထူးခြားကောင်းမွန်တဲ့ ပရောဂျက်များ

ကရင်နှင့် ပဲခူးတွင် ရေကြီးမှုအန္တရာယ် ပိုဆိုးလာနိုင်ဟု ဒေါက်တာ ထွန်းလွင် ပြော

သက်တမ်းနှစ် ၅၀၀ ကျော်ပြီ ဖြစ်တဲ့ အိန္ဒိယနိုင်ငံက “အမေများရဲ့ဈေး”

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်းက အရှည်ဆုံး တံတား

Your Thoughts …
Tags: ရေကြီးမြေပြိုမှုအိုးမဲ့အိမ်မဲ့
ညီညီသူ

ညီညီသူ

Similar Picks:

တဲနှင့် တဲအိမ်ရှင် / S&C

ပြာပုံကြားက အညာသားများကို ထန်းတဲများလှူဒါန်းနိုင်သည်

by ယုဇန
21 March 2023
4.4k

"အခုလို ခက်ခဲတဲ့အချိန်မှာ ကူညီတာကို အရမ်းကျေးဇူးတင်တယ်။ တချိန်တည်းမှာပဲ အရင်လို ကျမတို့အိမ်ကို ပြန်ဆောက်ဖို့ မလွယ်တော့လို့ ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းတယ်" ဟု ဒေါ်မြင့်က ပြောသည်။

ကလေးမြို့တောင်ပိုင်း အရှေ့စည်းရွာ မီးရှို့ခံရမှု  / CJ

ကလေးမြို့နယ်မှ ကျေးရွာများအား စစ်တပ်မီးရှို့၊ ထောင်နှင့်ချီသည့် ပြည်သူများ အိုးမဲ့ အိမ်မဲ့ဖြစ်

by ဧရာဝတီ
20 May 2022
14.9k

အိမ်တလုံး ဖြစ်တည်ရန်အတွက် ဆယ်စုနှစ်တခုကြာအောင် တည်ဆောက်ခဲ့ရသောကြောင့် ယခုလို ရက်ပိုင်းအတွင်း ပြာပုံဘဝရောက်အောင် ဖျက်ဆီးခံခဲ့ရခြင်းမှာ နေထိုင်ရာ ကမ္ဘာလေးတခု ပျက်ဆီးသွားသကဲ့သို့ ဖြစ်ခဲ့ပြီး ရွာသူရွာသား တချို့မှာလည်း မစားနိုင်မသောက်နိုင်သည်အထိ စိတ်ဆင်းရဲမှုများ ကြုံတွေ့နေရသည်

စစ်ကိုင်းအတွင်း စစ်ကောင်စီတပ်က ရွာများကို လိုက်လံမီးရှို့နေရာ မိမိအိမ်ပါသွားသဖြင့် ယူကျူံးမရ ဖြစ်နေသည့် အမျိုးသမီးကြီးတဦး / CJ

တိုက်ပွဲကြားမှ အိုးအိမ်မဲ့ဦးရေ၏ ၃၀ ရာခိုင်နှုန်း စိတ်ကျန်းမာရေး ချို့ယွင်းမှုဒဏ် ခံစားနေရဟုဆို

by ဧရာဝတီ
8 December 2022
7k

စစ်ကိုင်းတိုင်းမှာ အခြေအနေ အဆိုးရွားဆုံးဖြစ်ပြီး စစ်ကောင်စီတပ်က ရောက်လေရာ ကျေးရွာတိုင်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံပြည်သူများမှာ ဆုံးရှုံးမှု ကြီးမား သည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများကို ကြုံတွေ့နေရကြောင်း

ကူမာမိုတိုခရိုင်မှာတော့ သေဆုံးသူ အနည်းဆုံး ၅၂ ဦးထိရှိပြီး ၁၁ ဦး ပျောက်ဆုံးနေပါတယ်။

ဂျပန်တောင်ပိုင်း ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၅၀ ကျော်ပြီ

by Aurora
8 July 2020
6k

ဖူကူအိုကာ ခရိုင်ရှိ အိုမူတာမြို့ထဲ မြစ်ရေတက်လာတာကြောင့် ယာယီ တိမ်းရှောင်ရေးစခန်း နေရာကို လူ ၂၀၀ လောက် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

မယ်လအူး ဒုက္ခသည်စခန်း အမှတ် ၁ ရပ်ကွက်နေရာ ရေကြီးမြေပြိုမှု ဖြစ်ပြီးနောက် မြင်ကွင်း / FederalUnionArmy

မယ်လအူး ဒုက္ခသည်စခန်း ရေကြီးမြေပြိုမှု ၁ ဦးသေ၊ ၇ ဦးပျောက်ဆုံး

by ကျော်ခ
17 September 2018
5k

ထိုင်း-မြန်မာ နယ်စပ် မဲ့စရီးယန်းမြို့နယ် မယ်လအူး ဒုက္ခသည်စခန်းတွင် ရေကြီးမြေပြိုမှုဖြစ်စဉ်တွင် ဒုက္ခသည် ၈ ဦး မျောပါ ပျောက်ဆုံးခဲ့ပြီး တဦးကိုတော့ ရုပ်အလောင်း ရှာတွေခဲ့ကြောင်း ကရင်ဒုက္ခသည်စခန်း ကော်မတီ (KRC) က ဧရာဝတီသို့ အတည်ပြု...

အင်ဒိုနီးရှား ရေကြီးမြေပြိုမှု သေဆုံးသူ ၂၆ဦး အထိမြင့်တက်လာ

အင်ဒိုနီးရှား ရေကြီးမြေပြိုမှု သေဆုံးသူ ၂၆ဦး အထိမြင့်တက်လာ

by ဧရာဝတီ
22 September 2016
970

အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှု၊ မြေပြိုမှုများကြောင့် သေဆုံးသူဦးရေမှာ ၂၆ဦးအထိမြင့်တက်လာပြီး ပျောက်ဆုံးသူများလည်း ၁၉ ဦးအထိရှိလာကြောင်း အာဏာပိုင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး

Next Post
ယနေ့၊ မွေးနေ့အလှူမှာ တွေ့ရတဲ့ သရုပ်ဆောင် ဖွေးဖွေး  / ချစ်ပိုး / ဧရာဝတီ

"အသက် ၃၁ နှစ်ပြည့်သွားပေမယ့် Forever 21 ပါပဲ"လို့ ပြောတဲ့ သရုပ်ဆောင် ဖွေးဖွေး

ရှန်ဟိုင်းမြို့မှာ ကျင်းပမယ့် ခရီးသွားပွဲတော်

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပမယ့် ၂၀၁၉ ခရီးသွားပွဲတော်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate