Environment

ရက်အတော်ကြာ အဆိုးရွားဆုံး မီးလောင်ကျွမ်းနေတဲ့ အမေဇုန်သစ်တောကြီး

Want create site? Find Free WordPress Themes and plugins.

သစ်တောပြုန်းတီးမှု အန္တရာယ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ ဘရားဇီးနိုင်ငံ၊ အမေဇုန်သစ်တောကြီးမှာ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် နေရာအနှံ့ မီးလောင်းကျွမ်းမှုတွေ ရက်အတော်ကြာ ခံစားနေရပါတယ်။

ကမ္ဘာပေါ်မှာ ကျန်ရှိနေတဲ့ သစ်တော ပမာဏ ထက်ဝက်နီးပါးရှိတဲ့ အမေဇုန် မိုးသစ်တောကြီးဟာ တကမ္ဘာလုံးရဲ့ အောက်ဆီဂျင် လိုအပ်ချက် ၂၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးနေတာကြောင့် ကမ္ဘာကြီးရဲ့ အဆုတ်လို့တောင် တင်စားကြပါတယ်။

၂၀၁၃ ခုနှစ်က စတင် စောင့်ကြည့်လေ့လာခဲ့တဲ့ National Institute for Space Research (INPE) အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ အခုနှစ်တွင်း မီးလောင်ကျွမ်းမှုဟာ အများဆုံးပဲလို့ သတိပေးလိုက်ပါတယ်။

ဘရာဇီးနိုင်ငံမှာ ဒီနှစ်အတွင်း မီးလောင်မှုပေါင်း ၇ သောင်းကျော် ဖြစ်ပွားခဲ့တဲ့ထဲမှာ ထက်ဝက်ကျော်လောက်ဟာ အမေဇုန်သစ်တောထဲမှာ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။ ဒါဟာ မနှစ်ကထက်စာရင် မီးလောင်ကျွမ်းမှု ၈၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ INPE က ထုတ်ပြန်ခဲ့ပါတယ်။

အမေဇုန်မိုးသစ်တောကြီး မီးလောင်နေမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးခိုးမှုန်တွေဟာ မိုင် ၁,၇၀၀ ကျော်ဝေးတဲ့ Sao Paulo မြို့အထိ ပျံ့နှံ့နေပါတယ်။ နေ့ခင်းဘက်မှာတောင် တမြို့လုံးကို မီးခိုးမှုန်တွေနဲ့ ဖုံးလွှမ်းနေပြီး မဲမှောင်နေတာကို မြို့ခံလူထုတွေ ဆိုရှယ်မီဒီယာပေါ် တင်ထားတာကို မြင်တွေ့နိုင်မှာပါ။

အရမ်းနီးတဲ့ မြို့တွေဆို မီးခိုးမှုန်တွေ တမြို့လုံး ဖုံးလွှမ်းနေလို့ မဲမှောင်ပြီး နေရောင်တောင် ကွယ်နေတယ်လို့ ဂြိုဟ်တု ဓာတ်ပုံတွေအရ သိရပါတယ်။ အမေဇုန်သစ်တောက ထွက်လာတဲ့ မီးခိုးမှုန်တွေဟာလည်း ဘရားဇီးနိုင်ငံကနေ အရှေ့ဘက် အတ္တလန္တိတ်ကမ်းရိုးတန်း တလျှောက်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပီရူး၊ ဘိုလစ်ဗီးယားနဲ့ ပါရာဂွေးနိုင်ငံတွေအထိ ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

စောင့်ကြည့်ရေးအဖွဲ့ INPE ရဲ့ ထုတ်ပြန်ချက်အရ အမေဇုန်သစ်တောကြီးဟာ တနေ့ကို ဘောလုံးကွင်းတကွင်းနဲ့ တဝက်စာကျော်လောက် သဘာဝဘေး၊ လူ့ပယောဂတွေကြောင့် ပျက်စီးနေတယ်လို့ ဆိုပါတယ်။

သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ WWF တို့လို အဖွဲ့အစည်းတွေကလည်း အမေဇုန်မိုး သစ်တောကြီးကို ကာကွယ်စောင့်ရှောက်မှုတွေ အချိန်မီ မလုပ်ဆောင်ရင် မိုးသစ်တောကနေ ဆာဟာရ သဲကန္တာရလို ဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

Ref: edition.cnn

You may also like these stories:

တနှစ်ထက်တနှစ် သစ်တောပြုန်းတီးမှု ပိုများလာတဲ့ အမေဇုန်မိုးသစ်တောကြီး

Did you find apk for android? You can find new Free Android Games and apps.
Loading