သိပ္ပံပညာရှင်တွေရဲ့ လေ့လာခန့်မှန်းမှုတွေအရ အမေဇုန်သစ်တောတွင်းက သစ်တောပြုန်းတီးမှုတွေဟာ လက်ရှိ နှုန်းထားအတိုင်းသာ ပြုန်းတီးနေမယ်ဆိုရင် ၂၀၃၀ ခုနှစ်မှာ သစ်တောတခုလုံး ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုနဲ့အတူ လာမယ့် အနာဂတ်မှာ အမေဇုန်သစ်တောကြီးသာ ပျောက်ကွယ်သွားခဲ့ရင် တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြုံတွေ့ရနိုင်တဲ့ အကျိုးဆက်တွေကို ပညာရှင်တွေက အခုလိုပဲ ခန့်မှန်းတွက်ချက်ထားပါတယ်။
(၁) တကမ္ဘာလုံးအတိုင်းအတာနဲ့ အစားအစာ ရှားပါးမှု ပြဿနာတွေ ကြုံတွေ့ရနိုင်တယ်
တကမ္ဘာလုံးအတိုင်းအတာနဲ့ စားစရာတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ အမေဇုန်သစ်တောတွင်းကနေ ရရှိနေတာဖြစ်တာကြောင့် သစ်တောကြီးတခုလုံးသာ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်တော့ စားစရာ ရှားပါးမှုပြဿနာကို သေချာပေါက် ရင်ဆိုင်ရမှာပါ။
(၂) မိုးခေါင်ရေရှားမှု ဒဏ်တွေ ခံစားရနိုင်တယ်
အမေဇုန်သစ်တောကြီးဟာ ကမ္ဘာကြီးကို ပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို စုပ်ယူနေတာဖြစ်တာကြောင့် သစ်တောပြုန်းတီးလာတာနဲ့အမျှ ကမ္ဘာကြီး ပိုမိုပူနွေးလာပြီး မိုးခေါင်ရေရှားမှု ပြဿနာတွေကို ကြုံတွေ့ရလာနိုင်ပါတယ်။
(၃) ဆေးဝါး ထုတ်လုပ်မှုပိုင်းမှာ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်
လူသားတွေ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေရဲ့ အဓိကကုန်ကြမ်းပစ္စည်း ၉၀ ရာခိုင်နှုန်းလောက်ကို အမေဇုန် မိုးသစ်တောတွင်းက ရရှိနေတာ ဖြစ်တဲ့အတွက် သစ်တောကြီးတခုလုံးသာ ပျောက်ကွယ် ပျက်စီးသွားမယ်ဆိုရင် ဆေးပညာပိုင်းဆိုင်ရာမှာလည်း အခက်အခဲတွေ ကြုံတွေ့လာရနိုင်ပါတယ်။
(၄) လေထုညစ်ညမ်းမှုတွေ ပိုမိုများပြားလာနိုင်တယ်
လေ့လာမှုတွေအရ အမေဇုန်သစ်တော တခုတည်းနဲ့တင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၀၀ ဘီလျံ မက်ထရစ်တန်အထိ စုပ်ယူနိုင်တာကြောင့် သစ်တောကြီးသာ ပျောက်ကွယ်သွားမယ်ဆိုရင် လေထုညစ်ညမ်းမှုကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုးဆိုးရွားရွား ခံစားရမှာပါ။
Ref. Brightside.me
You may also like these stories:
အမေဇုန်မိုးသစ်တောကြီးအကြောင်း သိထားသင့်တဲ့ အချက်အလက်များ
တနှစ်ထက်တနှစ် သစ်တောပြုန်းတီးမှု ပိုများလာတဲ့ အမေဇုန်မိုးသစ်တောကြီး