နေ့စဉ် လူနေမှုဘဝမှာ မပါမဖြစ် အသုံးပြုနေတဲ့ ပလတ်စတစ်တွေကို လျှော့ချ အသုံးပြုဖို့ လှုံ့ဆော်မှုတွေ၊ တိုက်တွန်းချက်တွေကို အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲ သွားရင်းလာရင်းနဲ့ပဲဖြစ်ဖြစ် တွေ့မြင်ကြမယ်လို့ ထင်ပါတယ်။
ကမ္ဘာ့နိုင်ငံ အသီးသီးမှာဆိုရင်လည်း ပလတ်စတစ် လျှော့ချဖို့ကို နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားလုပ်ဆောင်နေကြရတာတွေကို ဆိုရှယ် မီဒီယာတွေကနေတဆင့် တွေမြင်ကြမှာပါ။ ဒါကြောင့်မို့လို့ ဘယ်လိုအကြောင်းအရာတွေကြောင့် ပလတ်စတစ်တွေကို လျှော့သုံးသင့်လဲဆိုတာကို သိရှိနိုင်အောင် ဖော်ပြပေးချင်ပါတယ်။
(၁) သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်
ပလတ်စတစ်တွေဟာ ပြန်လည်အသုံးပြုဖို့လည်း ခက်ခဲသလို အသုံံးပြုပြီး အလွယ်တကူ လွှင့်ပစ်ကြတဲ့အခါမှာလည်း ပျက်စီးယိုယွင်းဖို့ ခက်ခဲတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ ပလတ်စတစ်တွေကို မီးရှို့ဖျက်စီးတဲ့အခါမှာလည်း ထွက်လာတဲ့ အငွေ့တွေဟာ အိုဇုန်းလွှာကို ပျက်စီးစေနိုင်ပြီး ဂေဟစနစ်ကိုလည်း ချို့ယွင်းလာစေနိုင်ပါတယ်။
(၂) ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေတယ်
ပလတ်စတစ်အိတ်တွေနဲ့ အစားအစာတွေကို သယ်ယူထုပ်ပိုးတာဟာ ကျန်းမာရေးအတွက်တော့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ပလတ်စတစ်တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ ကင်ဆာရောဂါနဲ့ ဟော်မုန်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) တိရစ္ဆာန်တွေကိုပါ ထိခိုက်စေနိုင်တယ်
လူသားတွေ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေဟာ ရေနေသတ္တဝါတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို မှီတင်းနေထိုင်နေရတဲ့ တိရစ္ဆာန်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ရေနေသတ္တဝါတွေနဲ့ ငှက်တွေဟာ ပလတ်စတစ်တွေကို စာအမှတ်နဲ့ စားသောက်မိကြရာကနေ သေကြေပျက်စီးနေကြရတဲ့ အရေအတွက်ဟာ တနှစ်ထက်တနှစ် များပြားလာနေတာ ဖြစ်ပါတယ်။
Ref. www.conserve-energy-future.com
You may also like these stories:
ပလတ်စတစ် သုံးစွဲခြင်းကို တားဆီးပိတ်ပင်ထားတဲ့ နိုင်ငံနဲ့ မြို့များ
စွန့်ပစ် ပလတ်စတစ်တွေနဲ့ တည်ဆောက်ထားတဲ့ နယ်သာလန်က ရေပေါ်ပန်းခြံ
စွန့်ပစ် ပလတ်စတစ်တွေကို Recycle လုပ်ပြီး အချိုရည်ဘူးအဖြစ် ပြန်အသုံးပြုမယ့် Coca-Cola
ပင်လယ်သမုဒ္ဒရာတွင်းက ပလတ်စတစ်တွေကို Recycle ပြုလုပ်ပြီး ဖိနပ်တွေ ထုတ်လုပ်မယ့် Adidas