• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

ဧရာဝတီကြယ်နှင့် ပုဂံဂြိုလ်ဟု အာကာသထဲ မြန်မာအမည်များပေး

by ငြိမ်းငြိမ်း
11 January 2020
in Environment
A A
IAU နှစ်တရာပြည့်အထိမ်းအမှတ် ကမာ္ဘတဝန်းအစီအစဉ်တွင် မြန်မာက ဧရာဝတီကြယ်နှင့် ပုဂံဂြိုလ်ဟု နာမည်ပေးသတ်မှတ်ခဲ့သည် / nameexowolds.iau.org

IAU နှစ်တရာပြည့်အထိမ်းအမှတ် ကမာ္ဘတဝန်းအစီအစဉ်တွင် မြန်မာက ဧရာဝတီကြယ်နှင့် ပုဂံဂြိုလ်ဟု နာမည်ပေးသတ်မှတ်ခဲ့သည် / nameexowolds.iau.org

10.7k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာမှ အလင်းနှစ် ၅၅၃ နှစ်အကွာ အာကာသထဲတွင် တည်ရှိသည့် ဂြိုလ်တခုနှင့်ကြယ်တခုတို့ကို မြန်မာနိုင်ငံရှေးဟောင်းမြို့တော်လည်း ဖြစ်၊ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လည်းဖြစ်သည့် ပုဂံနှင့် မြန်မာနိုင်ငံ အရှည်ဆုံးဖြစ်သော ဧရာဝတီမြစ်တို့၏ အမည်ကို အစွဲပြု ခေါ်တွင်စေမည်ဟု နိုင်ငံတကာနက္ခတ္တဗေဒ အဖွဲ့အစည်းက တရားဝင် အမည်သမုတ်ပေးခဲ့သည်။ မြန်မာနာမည်ဖြင့် အာကာသထဲ ယခုကဲ့သို့ ကြယ်တခုနှင့် ဂြိုလ်တခုကို အမည်ပေးခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ဂြိုလ်နှင့်ကြယ်များကို တရားဝင်အမည်ပေးသော အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာ နက္ခတ္တဗေဒ သမဂ္ဂ (IAU) သည် ၂၀၁၉  ခုနှစ် နိုဝင်ဘာလတွင် ကျရောက်သော ၎င်း၏ နှစ်တရာပြည့် အထိမ်းအမှတ်  NameExoWorlds အစီအစဉ်ကို ကမာ္ဘတဝန်း ကျင်းပခဲ့ရာ နိုင်ငံအများစု ပါဝင်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ထိုပြိုင်ပွဲကို ဇွန်လမှ နိုဝင်ဘာလအထိ ပြုလုပ်ပြီး၊ ပါဝင်ယှဉ်ပြိုင်သော နိုင်ငံတိုင်းက ဂြိုလ်တခုနှင့် ထိုဂြိုလ်က လှည့်ပတ်နေသည့်ကြယ်ကို အများပြည်သူဆန္ဒဖြင့် အမည်ပေးသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
3
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
824
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
224

IAU ၏ အဆိုအရ မကြာသေးမီက နက္ခတ္တဗေဒပညာရှင်များသည် ဂြိုလ်အသစ်ထောင်ပေါင်းများစွာနှင့် ၎င်းတို့အနီးရှိကြယ်များ၏ နေစင်္ကြာဝဠာများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထိုကြယ်တစင်းစီ၏ ပတ်လမ်းများတွင် ဂြိုလ်တခု သို့မဟုတ် ဂြိုလ်အများအပြား လှည့်ပတ်နေကြပြီး အချို့သော ဂြိုလ်များမှာ ကမ္ဘာနှင့် တူညီသည့် ဝိသေသ လက္ခဏာများရှိကြောင်း သိပ္ပံပညာရှင်များက ပြောဆိုထားသည်။

ယခုဧရာဝတီဟု အမည်ပေးခံရသည့် ကြီးမားသည့် ဓါတ်ငွေ့အစုအဝေးဖြစ်သည့် HD18742 ကြယ်/ nameexowolds.iau.org

ဒီဇင်ဘာလက IAU သည် ကြယ် ၁၁၂ စင်းနှင့် ၎င်းကြယ်ကို လှည့်ပတ်နေသော ဂြိုလ်တခုချင်းစီကို နိုင်ငံတခုချင်းအလိုက် သက်ဆိုင်ရာနိုင်ငံက ရွေးချယ်တင်သွင်းသော အမည်များ သမုတ်ပေးခဲ့သည်။ နိုင်ငံတခုစီ သို့မဟုတ် ဒေသတခုစီကို သက်ဆိုင်ရာနိုင်ငံမှ တယ်လီစကုပ်အသေးစားဖြင့် မြင်နိုင်သော ကြယ်တစင်းစီအား သတ်မှတ်ပေးခြင်း ဖြစ်သည်။ ထိုဂြိုလ်အသစ်များသည် ကျွန်ုပ်တို့နေစင်္ကြာဝဠာ၏ ပြင်ပတွင် ရှိသည်။

ပုဂံဂြိုလ်သည် ယခုဧရာဝတီဟု အမည်ပေးခံရသည့် ကြီးမားသည့် ဓါတ်ငွေ့အစုအဝေးဖြစ်သည့် HD18742 ကြယ်ကို လှည့်ပတ်နေသည်။ ပုဂံဂြိုလ်၏ဒြပ်ထုသည် ဂျူပီတာထက် ၃ ဒဿမ ၄ ဆ ပိုကြီးမားပြီး ဧရာဝတီကြယ်၏ ပတ်လမ်းတွင် တပတ်ပတ်ရန် နှစ်နှစ်ကျော်ကြာသည်။ ထိုကြယ်နှင့်ဂြိုလ်ကို ၂၀၁၁ ခုနှစ်က Eridanus ကြယ်စုအတွင်း တွေ့ရှိခဲ့သည်ဟု မြန်မာနက္ခတ္တဗေဒနှင့် သိပ္ပံစိတ်ဝင်စားသူများအဖွဲ့ (MASES) ၏ အဆိုအရ သိရသည်။

IAU နှစ်တရာပြည့်အထိမ်းအမှတ် ကမာ္ဘတဝန်းအစီအစဉ်တွင် MASES သည် ရန်ကုန်တက္ကသိုလ် ရူပဗေဒ ဌာနနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ခဲ့သည်ဟု MASES ကို တည်ထောင်သူတဦးဖြစ်သူ ကိုဘူးသီးသိုက်ထွန်းက ဆိုသည်။ ထိုအသင်းကို ၂၀၀၄ ခုနှစ်က အပျော်တမ်း နက္ခတ္တဗေဒဝါသနာရှင်များက ထူထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ စတင်ကာ IAU နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

ထိုကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် မြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ကြယ်နှင့်ဂြိုဟ်အမည်များအတွက် မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ တန်ဖိုးများနှင့် ပထဝီကို ထင်ဟပ်သည့် အမည်ရွေးချယ်သော နိုင်ငံတဝန်းလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ကိုဘူးသီး သိုက်ထွန်းက ဆိုသည်။

“ကျနော်တို့က အသင့်တော်ဆုံး နာမည် ၉ လုံးကို ရွေးပြီး အများပြည်သူကို မဲပေးရွေးချယ်မှု ပေးလုပ်ခဲ့တယ်။ အဲဒီအထဲမှာ ဧရာဝတီနဲ့ ပုဂံ အတွဲလေးက မဲအများဆုံးရတယ်။ ကျနော်တို့က ရွေးချယ်တဲ့နေရာမှာ နာမည်တင်မဟုတ် ဒီနာမည်က ဘာကြောင့် သင့်တော်သလဲဆိုတာ ပြောရတယ်။ တခြားနာမည်တွေလည်း ပါတယ်။ နာမည်တွဲတွေကို ကျနော်တို့ ရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်ပြီး နိုင်ငံတကာနက္ခတ္တဗေဒ အဖွဲ့အစည်းကို စာပို့ရတယ်။ ပထမဦးစားပေး၊ ဒုတိယဦးစားပေး နာမည်တွေပါဆိုပြီး ပို့တယ်”ဟု သူက ရှင်းပြသည်။

ဧရာဝတီကို လှည့်ပတ်နေသည့် အဝါရောင် ပုဂံဂြိုလ်/ nameexowolds.iau.org

“ပြီးတော့ ကျနော်တို့ ရွေးချယ်ရေးကော်မတီက ဘာကြောင့်မို့ ဒီနာမည်တွေကို သင့်တော်တယ်လို့ မြင်လဲဆိုတာ အကြောင်းပြချက် ပေးတယ်။ သူတို့က ကျနော်တို့ ပေးတဲ့ ထူးခြားမှုပေါ်လွင်စေတဲ့ အကြောင်းပြချက်ကိုလည်း ကြိုက်တယ်။ နောင်တချိန်မှာလည်း ဒီနာမည်တွေက နက္ခတ္တဗေဒကို လူကြားထဲမှာ ပြန့်ပွားအောင် ပြုလုပ်ဆောင်ရွက်တဲ့နေရာမှာလည်း အသုံးတည့်နိုင်တယ်လို့ သူတို့ ယူဆတယ်။ အဲဒါနဲ့ ဒီနာမည်ကို လက်ခံလိုက်တာပါ။”

အပျော်တမ်း နက္ခတ္တဗေဒဝါသနာရှင်တဦးအဖြစ်မှ ကြယ်နက္ခတ္တများ လေ့လာနေသာ ကိုဘူးသီးသိုက်ထွန်းနှင့် အခြားစိတ်သဘောထားတူသူများသည် ကြယ်ကြည့်ရန် စုဝေးတတ်ကြသည်။ ထို့အပြင် ကျောင်းသားလူငယ်များနှင့် အသိပညာဖလှယ်ခြင်းနှင့် နက္ခတ္တဗေဒဆိုင်ရာ ဒေသတွင်းနှင့် ကမ္ဘာတဝန်း လှုပ်ရှားမှုများတွင်လည်း ပါဝင်နေသည်။

MASES သည် အာကာသထဲရှိ မြန်မာ့ကြယ်နှင့် ဂြိုလ်အပါအဝင် ကောင်းကင်ပတ်လည် ကြယ်ကြည့်ရန် ယခုလအတွင်း ရန်ကုန်တွင် စုဝေးနိုင်ရန် ကြိုးပမ်းနေပြီး၊ ယခုလ မကြည့်ဖြစ်ပါကလည်း လာမည့်လအတွင်း မန္တလေးတက္ကသိုလ်ရှိ အခမ်းအနားတခုအပြီး မန္တလေးတွင် ကြယ်ကြည့်ပွဲ ပြုလုပ်မည်ဟု သိရသည်။

NameExoWorlds အတွက် နိုင်ငံပေါင်း ၁၁၂ နိုင်ငံမှ နိုင်ငံအလိုက်လှုပ်ရှားမှုများတွင် လူပေါင်း ၇၈၀၀၀၀ ကျော်ပါဝင်ကြောင်း IAU က ထုတ်ပြန်သည်။ ထိုအစီအစဉ်က ကမ္ဘာ့ဝိသေသလက္ခဏာကို ထင်ဟပ်သော အထိမ်းအမှတ်ပွဲတွင် လူ့အဝန်းအဝိုင်းတခုလုံး၏ ပါဝင်အကြံပြုချက်ကို ရယူရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အခြားအရှေ့တောင်အာရှ နိုင်ငံ ခြောက်နိုင်ငံဖြစ်သော ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံကိုလည်း ၎င်းတို့ကိုယ်ပိုင် ကြယ်နှင့် ဂြိုလ်အမည်များကို IAU က အမည်သတ်မှတ်ပေးခဲ့သည်။ ၎င်းတို့ပေးသော အမည်များတွင် ကျောက်မျက်အမည်များ (မလေးရှား၏ Baiduriနှင့် Intan) ရိုးရာနတ်ဘုရားအမည်များ (ဖိလစ်ပိုင်၏ Aman Sinaya နှင့် Haik) တို့လည်းပါဝင်သည်။ ထိုင်းနိုင်ငံ၏ ကြယ်နှင့်ဂြိုလ်အမည်ကို အထင်ကရမြစ်များဖြစ်သည့် ကျောက်ဖရားကြယ် နှင့် မယ့်ပင်းဂြိုလ် ဟု အမည်များပေးခဲ့သည်။

( Nyein Nyein ၏ Myanmar Christens Star ‘Ayeyarwady’ and Planet ‘Bagan’ ကို ဘာသာပြန်သည်။)

You may also like these stories:

ချီဖွေမြို့က မုတ်သုန်တော ပျောက်ဆုံးခြင်း

သြစတြေးလျ တောမီးကြောင့် တိရစ္ဆာန်ကောင်ရေ သန်းနဲ့ချီ သေဆုံး

Time မဂ္ဂဇင်းရဲ့ “Person of the Year” အဖြစ် ဆွီဒင်ကျောင်းသူ Greta Thunberg သတ်မှတ်ခံရ

Your Thoughts …
Tags: နက္ခတ္တဗေဒပုဂံဂြိုလ်အာကာသဧရာဝတီကြယ်
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.7k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

by Mariel Borowitz
29 August 2023
3.1k

နောက်ဆုံးတွင် လသည် လပေါ်တွင် တွေ့နိုင်သည့် ရေ၊ ဟီလီယမ်-၃ နှင့် မြေရှားသတ္တုဒြပ်စင်များ စသည့် သဘာဝ သယံဇာတများကို အခြေခံသည့် စီးပွားရေးအကျိုးအမြတ်များ ပေးနိုင်သည်။

ကဗျာ တပုဒ်၊ တယော တလက် နဲ့ ကချေသည် တယောက်

ကဗျာ တပုဒ်၊ တယော တလက် နဲ့ ကချေသည် တယောက်

by ခင်ဝမ်း
9 March 2024
462

အနုပညာ ဆိုတာ သဘာဝကို ထပ်တူ ကူးယူမှု အတတ်ပညာ မဟုတ်ဘူး။ ဖန်တီးမှု ဝိဇ္ဖာပညာပဲ ဖြစ်တယ်။

အာကာသထဲ ပို့လွှတ်ခြင်း ခံရတဲ့ မျောက်လေး Albert II

အာကာသထဲကို ရောက်ဖူးခဲ့ကြတဲ့ တိရစ္ဆာန်လေးများ

by ရေဗန်
14 July 2019
6.1k

Able နဲ့ Baker လို့ အမည်ရတဲ့ မျောက်လေးတွေ ကိုတော့ ၁၉၅၉ ခုနှစ်မှာ ပို့လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ပို့လွှတ်မှု အောင်မြင်ပြီး အသက်ရှင်ခဲ့တဲ့ မျောက်တွေလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

မင်းသား Tom Cruise ၊ သူဌေးကြီး Elon Musk

Tom Cruise နဲ့ Elon Musk တို့ပူးပေါင်းပြီး အာကာသထဲ ရုပ်ရှင်ရိုက်မည်

by မစ်ကီ
5 May 2020
5.9k

သတင်းရဲ့အဆိုအရ အဲ့ဒီရုပ်ရှင်ဟာ အက်ရှင်-စွန့်စားခန်း ရုပ်ရှင်ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီ ရုပ်ရှင်ကို ကိုင်တွယ်ဖို့ ဘယ်စတူဒီယိုနဲ့မှ ချိတ်ဆက်ရတာတော့ မရှိသေးပါဘူး။

အာကာသထဲမှာ ပြုလုပ်ခဲ့တဲ့ ကွတ်ကီးမုန့်

အာကာသထဲမှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ကွတ်ကီးမုန့်

by ရေဗန်
27 January 2020
3.2k

အာကာသယာဉ်မှူးများရဲ့ ပြောကြားချက်အရ ပထမဆုံး ကွတ်ကီးကလွဲလို့ ကျန်တဲ့ ကွတ်ကီးတွေကို မီးဖိုအတွင်းက ထုတ်တဲ့အခါမှာ ကွတ်ကီးအနံ့ကို ရရှိတယ်လို့ သိရပါတယ်။

Next Post
အခန်းအပူချိန်ဟာ ဝန်ထမ်းတွေရဲ့ လုပ်ငန်း စွမ်းဆောင်ရည်အပေါ် မူတည်နေပါတယ်။

ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဟာ အခန်းအပူချိန်ပေါ် မူတည်တယ်လို့ လေ့လာတွေ့ရှိ

၂၀၁၉ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ သတင်းစာရှင်းလင်းပွဲ / ဧရာဝတီ

ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ရှင်းတမ်း မချပြခြင်းသည် အဂတိလိုက်စားမှု ဖြစ်သွားနိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate