အအေးလွန်ကဲမှုကြောင့် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွင် လူများစွာ သေဆုံး
၂၀၂၀ ခုနှစ် အစမှာပဲ ရာသီဥတုပြောင်းလဲမှုကြောင့် လူတွေဒုက္ခများစွာ ရောက်ခဲ့ရပါတယ်။ အင်ဒိုနီး ရှားနိုင်ငံ ဂျာကာတာမြို့လည်း အချိန်အခါ မဟုတ်ဘဲ ရေကြီးမှုကြောင့် လူ ၆၆ ယောက် သေဆုံးခဲ့ရပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း မီးတောင်ပေါက်ကွဲမယ့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရပါတယ်။
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွေမှာ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ အအေး လွန်ကဲတဲ့အတွက်ကြောင့် လူ ၁၃၀ ကျော် သေဆုံးခဲ့ရပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ ဒီနေ့လူသားတွေ ရင်ဆိုင်နေရတဲ့ပြဿနာပါ။ အထူးသဖြင့် အာရှဒေသတွေဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပိုမိုခံစားနေရပါတယ်။
ပါကစ္စတန်နိုင်ငံအနေနဲ့လည်း ပြင်းထန်တဲ့ အအေးဓာတ်ကြောင့် အနည်းဆုံး လူ ၉၃ ယောက် သေဆုံးခဲ့ရသလို အာဖဂန်နစ္စတန်မှာတော့ လူ ၃၉ ယောက် သေဆုံးခဲ့ရပါတယ်။ အအေးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေတဲ့ ဒီဒေသတွေမှာ အဝေးပြေးလမ်းမတချို့နဲ့ စာသင်ကျောင်းတွေကို ပိတ် ထားရတယ်လို့ သိရပါတယ်။
အများဆုံး သေဆုံးခဲ့ရတာကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြောင်း သိရပါတယ်။ ကက်ရှ်မီးယားဒေသမှာဆိုရင်လည်း အအေးဓာတ် လွန်ကဲတဲ့အတွက်ကြောင့် လူ ၁၉ ယောက် သေဆုံးခဲ့ရပါတယ်။
အာဖဂန်နစ္စတန်ဒေသမှာဆိုရင်လည်း ဆီးနှင်းတွေ လွန်လွန်ကဲကဲ ကျဆင်းခဲ့တဲ့အတွက်ကြောင့် အိမ်ပေါင်း ၃၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ ဒီကနေ့ လူသားတွေ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာပါ။ ၂၀၁၉ ခုနှစ်မှာ ပင်လယ်သမုဒ္ဒရာက ပိုပြီးပူနွေးလာတယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။
Ref: saudigazette, bangkokpost
You may also like these stories:
သြစတြေးလျ တောမီးကြောင့် တိရစ္ဆာန်ကောင်ရေ သန်းနဲ့ချီ သေဆုံး
အာတိတ် လေအေးများကြောင့် အမေရိကန်မှာ စံချိန်တင် အပူချိန် ကျဆင်းနေ