Environment

ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်ရေ ပြန်လည် မြင့်တက်လာ

Want create site? Find Free WordPress Themes and plugins.

ယခုရက်ပိုင်းတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်ရေ ပြန်လည် မြင့်တက် လာသည့် အတွက် အထူးသတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးသည်။

ချင်းတွင်းမြစ်ရေ ပြန်လည်မြင့်တက်လာမှုကြောင့် မြစ်ရိုးတလျှောက်ရှိ မြို့ ၈ မြို့ဖြစ်တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး ဧရာဝတီမြစ် တလျှောက်ရှိ မြို့များတွင်လည်း စိုးရိမ်ရေ အမှတ်သို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း မိုး/ဇလ က ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

“ဧရာဝတီမြစ်ဘက်ထဲမှာလည်း လောလောဆယ် ရေတက်နေတယ်ပေါ့။ ချင်းတွင်းမြစ်က တက်လာတဲ့ ရေနဲ့ ပေါင်းဆုံ ပြီးတော့မှ ဧရာဝတီမှာလည်း ရေတက်လာဖို့ အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။

ချင်းတွင်းမြစ် ရေသည် ခန္တီးမြို့တွင် ၂ လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနေကာ နောက် ၂ ရက်တွင် ရေဆက်လက်တက်လာနိုင်ပြီး ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တွင် ၁ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိပြီး နောက် ၃ ရက်အတွင်း ရေဆက်လက်တက်လာနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပြီး မနက်ဖြန် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းနှင့် ကျန်မြို့များဖြစ်သည့် ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ တို့တွင် နောက် ၃ ရက် ၄ ရက် အတွင်း မြို့အသီးသီး၏ စိုးရိမ်ရေ အမှတ်ကို ရောက်ရှိနိုင်ကြောင်း သိရသည်။

ယခုလက်ရှိ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် လာမည့် ၇ ရက် ၈ ရက်တွင် ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟသာၤတနှင့် ဇလွန်မြို့များတွင် စိုးရိမ်ရေ အမှတ်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်းလည်း မိုး/ဇလ ခန့်မှန်းထားသည်။

ထိုကဲ့သို့ မြစ်ရေများ မြင့်တက်လာခြင်းမှာ ယခုရက်ပိုင်းတွင် တိုင်းနှင့်ပြည်နယ် အတော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အဆိုပါဖြစ်စဉ်သည် လာမည့် ၂၁ ရက်နေ့လောက်အထိ ဖြစ်နိုင်သောကြောင့် မြန်မာနိုင်ငံတွင် တနသာၤရီတိုင်း ဒေသကြီးမှအပ ကျန်တိုင်းနှင့် ပြည်နယ်များတွင် မိုးရွာသွန်းနေဦးမည်ဖြစ်ကြောင်း ဦးကျော်မိုးက ဆိုသည်။

ဦးကျော်မိုးက “အဓိက မြစ်ရေတက်တာတော့ မိုးကြောင့်ပါပဲ။ တရုတ်ပြည်ကနေ တိုးဝင်လာတဲ့ လေအေးတွေနဲ့ အတူ မိုးတိမ်တိုက်တွေ ပါလာတယ်။ ဒီတိမ်တိုက်တွေရယ် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်က မုတ်သုန်လေ အားပြန်တက်လာတဲ့ အတွက်ကြောင့် မုတ်သုန်လေနဲ့ အတူပါလာတဲ့ လေနွေးတွေက မြန်မာနိုင်ငံကို ဝင်တဲ့ အတွက် ကြောင့် မိုးဆက်လိုက်နေမယ်”ဟု ပြောသည်။

ယခုနှစ်တွင် ဇူလိုင်လ ၁၁ရက်နေ့က စပြီး ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် ၊ တနသာၤရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် အိမ်ထောင် စုပေါင်း ၁၉,၀၀၀ ကျော်၊ ရေဘေးသင့် လူဦးရေ ၇၈,၀၀၀ ကျော် ရှိခဲ့ပြီး ရေးဘေးသင့် ပြည်သူများကို ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေ ၂၇၁ ဒသမ ၈ သန်းကျော်အထိ ရှိခဲ့ကြောင်း ယင်းဌာနက သိရသည်။

သြဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် တို့တွင် ကယ်ဆယ်ရေး စခန်း ၁၂၀ ခု အိမ်ထောင်စုပေါင်း ၄၆၀၀ ၊ ရေဘေးသင့် လူဦးရေ ၁၈၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

You may also like these stories:

ပြည်နယ်နှင့် တိုင်း ၄ ခုတွင် မိုးကြီးနိုင်ဟု မိုးဇလ သတိပေး

မြစ်ရေမြင့်တက်မှု မြို့လေး မြို့ ရေဘေး သတိထားရန် မိုးဇလ သတိပေး

ဟင်္သာတတွင် တာကျိုးပေါက်သဖြင့် လူနေအိမ် ၅၀ ကျော် ရေနစ်မြုပ်

Did you find apk for android? You can find new Free Android Games and apps.
Loading