Environment

ဖိလစ်ပိုင်မှာ စူပါတိုင်ဖုန်း Goni ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ခုနှစ်ရဲ့ အင်အားပြင်းဆုံး စူပါတိုင်ဖုန်းမုန်တိုင်း Goni ဟာ ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း၊ Luzon ကျွန်းကို ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် မြေပြိုမှုတွေဖြစ်ပေါ်ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ လူပေါင်း သန်းနဲ့ချီ ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

တနာရီကို လေတိုက်နှုန်း ၁၉၂ မိုင်ကျော်ကနေ စတင်တိုက်ခတ်ခဲ့ပြီးနောက် နေ့လယ်ပိုင်းမှာတော့ ၁၈၃ မိုင်ကို လျော့ကျသွားခဲ့ပါတယ်။ အဆိုပါ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဟာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာကမှာ ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်ခဲ့လို့ လူပေါင်း ၆,၃၀၀ ကျော် သေဆုံးခဲ့တဲ့ Haiyan မုန်တိုင်းနောက်ပိုင်း ပြင်းအားအကောင်းဆုံး မုန်းတိုင်းလည်း ဖြစ်ပါတယ်။

အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကောင်စီ ထုတ်ပြန်ချက်အရ အင်အားပြင်း Goni တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့် လေပြင်းတိုက်ခတ်မှုနဲ့ မိုးကြီးမယ့်ဒဏ်ကို နိုင်ငံတဝှမ်း ဒေသ ၁၂ ခုက ပြည်သူ ၁၉ ဒသမ ၈ သန်းကျော် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

Goni ဟာ နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းမှာ စူပါတိုင်ဖုန်းအဆင့်ကနေ အားလျော့သွားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံကနေ ထွက်ခွာကာ တောင်တရုတ်ပင်လယ်ထဲကို ဖြတ်ကျော်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း ဖိလစ်ပိုင်နိုင်ငံကို Molave တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ပါသေးတယ်။ အဆိုပါ မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးရေးကဏ္ဍ တခုတည်းတင် တန်ဖိုး ဖိလစ်ပိုင် ပီဆို ၁ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်) နဲ့ တခြားဆုံးရှုံးမှု ပီဆို သန်း ၂၉၀ (ဒေါ်လာ ၆ သန်း) ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြည်သူတွေ တယောက်နဲ့ တယောက် Social distancing အရ ခပ်ခွာခွာနေကြဖို့ တိုက်တွန်းထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုမှာ အင်ဒိုးနီးရှားပြီးရင် ဒုတိယနေရာမှာ ရှိနေပါတယ်။ ကူးစက်လူနာ ၃၈၅,၄၀၀ နဲ့ သေဆုံးသူ ၇,၂၆၉ ဦး ရှိနေပါပြီ။

အင်ဒိုးနီးရှားနိုင်ငံကတော့ အရှေ့တောင်အာရှမှာ ကူးစက်မှုအမြင့်ဆုံး ကူးစက်လူနာပေါင်း ၄၁၅,၄၀၂ နဲ့ သေဆုံးသူ ၁၄,၀၄၄ ရှိသွားပြီလို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

တာဝန်ရှိသူတွေက ဖိလစ်ပိုင်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်းတိုင်ဖုန်းကြောင့် နိုဝင်ဘာ ၁ ရက်က Ninoy Aquino နိုင်ငံတကာလေဆိပ်ကို ပိတ်ခဲ့တာကြောင့် ဒါဇင်နဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် တိုင်ဖုန်းမုန်တိုင်း အခု ၂၀ လောက် တိုက်ခတ်လေ့ရှိတာကြောင့် ရေကြီး၊ မြေပြိုမှုတွေ ခံစားရလေ့ ရှိပါတယ်။

Ref: Kyodo News

You may also like these stories:

ကိုဗစ်ကာလကြောင့် မဲမပေးတာမျိုး မဖြစ်စေချင်တဲ့ လူရွှင်တော် မျောက်ရှုံး

ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကား ပြောကြတဲ့ အနုပညာရှင်များ

ကိုဗစ်ကာလမှာ နယ်ကိုပြန်ပြီး မိသားစုနဲ့ Stay home နေဖြစ်တဲ့ ဗညားဟန်

Did you find apk for android? You can find new Free Android Games and apps.
Loading