• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

အင်ဒိုနီးရှားမှာ အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံး

by Aurora
15 January 2021
in Environment
A A
အင်ဒိုနီးရှားမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်

အင်ဒိုနီးရှားမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်

28.8k
VIEWS
Share on FacebookShare on Twitter

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းမှာ လှုပ်ခတ်သွားတဲ့ ပြင်းအား ရစ်ချက်တာစကေး ၆ ဒသမ ၂ အဆင့်ရှိ အင်အားပြင်း ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ လှုပ်ခတ်ခဲ့တာပါ။

အင်ဒိုနီးရှား မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ချက်အရ မနက် ၁ နာရီ ၂၈ မိနစ် Majene မြို့ အနောက်မြောက် ပိုင်း ၆ ကီလိုမီတာ (၃ ဒသမ ၇ မိုင်) အကွာအဝေး၊ မြေအောက် ၁၀ ကီလိုမီတာ (၆ ဒသမ ၂ မိုင်) ကို ဗဟိုပြု လှုပ်ခတ်သွားတာလို့ ဖော်ပြထားပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
2.9k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
405
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.1k

ဗဟိုချက် Majene မြို့မှာတော့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် လူ ၈ ဦး သေဆုံးပြီး၊ ၆၇၈ ဦး ဒဏ်ရာ ရရှိခဲ့ကာ အိမ်ထောင်စု ၁၅,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ National Board for Disaster Management (BNPB) ကနေ ထုတ်ပြန်ထားပါတယ်။ အဆိုပါမြို့ အနီးဝန်းကျင်ရှိ Mamuju ဒေသမှာလည်း ၂၆ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၅ စက္ကန့်ကနေ ၇ စက္ကန့်အတွင်း လှုပ်ခတ်လိုက်တဲ့ အင်အားပြင်း ငလျင်ကြောင့် ထောင်သောင်းချီတဲ့ လူအုပ်ကြီးဟာ အိမ်တွေကို စွန့်ခွာပြီး ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။ Majene မှာရှိတဲ့ အစိုးရပိုင် အဆောက်အအုံတွေနဲ့ ဟိုတယ်တွေ ပျက်စီးပြိုလဲခဲ့ပါတယ်။ လူအများအပြား လဲပြိုကျနေတဲ့ အဆောက်အဦကြားထဲမှာ ပိတ်မိနေတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်။

“ကျနော်တို့ရဲ့ အဓိက ဦးစားပေးကတော့ ပြိုကျ ပျက်စီးသွားတဲ့ အပိုင်းအစတွေကြားကနေ အသက်ရှင် ကျန်ရှိနေသူတွေကို ဦးစားပေးကယ်တင်ဖို့ပါပဲ” လို့ အနောက် ဆူလာဝေဆီကျွန်း ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးတာဝန်ခံ Safaruddish Sanusi က ဆိုပါတယ်။

“ဆူလာဝေဆီ အနောက်ပိုင်းမှာဆိုရင် ပြိုကျသွားတဲ့ အစိုးရရုံး အဆောက်အအုံကြားထဲက လုံခြုံရေး ၂ ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်နေပါတယ်” လို့ ပြောပြသွားပါတယ်။

Mamuju ဒေသတဝက်လောက်ကလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားရပါတယ်။ ဆေးရုံတွေ ပြိုကျ ပျက်စီးသွားပြီး ကျန်ရှိခဲ့တာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ Mamuju ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ တာဝန်ခံက လက်ရှိမှာ ပြိုကျနေတဲ့ အိမ် ၃ လုံးကို ရှာဖွေပေးခဲ့ပြီး၊ ပထမဆုံးအိမ်မှာ ၅ ဦး သေဆုံးကာ ၈ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ နောက်ထပ် ငလျင်ကြီးနဲ့ ဆူနာမီလှိုင်း ဖြစ်လာမှာကို စိုးရိမ်နေတဲ့ ထောင်နဲ့ချီ ပြည်သူတွေဟာ အိမ်တွေစွန့်ခွာ ထွက်သွားကုန်ကြပြီလို့ အနောက် ဆူလာဝေဆီရှိ ရဲအရာရှိတဦးက ဆိုပါတယ်။ “ကျနော်တို့ ဆူနာမီလှိုင်း မဖြစ်ဘူး ကြေညာထားတာတောင် တချို့တွေကလည်း ကြောက်ပြီး ပိုမြင့်တဲ့ဆီ ပြေးကုန်ကြတယ်” လို့ ဆိုပါတယ်။

နိုင်ငံပိုင် မိုးလေဝသဌာနကလည်း ငလျင်ဒဏ်ကြောင့် ဆူနာမီလှိုင်း မဖြစ်ပေါ်ဘူးလို့ ထုတ်ပြန်ပေးထားပါတယ်။ လက်ရှိမှာတော့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် Majene နဲ့ Mamuju ဒေသတွေမှာ မြေပြိုပြီး လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။

အင်အားပြင်း ငလျင်ကြီး မလှုပ်ခင် တရက်အလိုကလည်း ရစ်ချက်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ ငလျင် အဆိုပါဒေသကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်က ဆူလာဝေဆီကျွန်း၊ Palu ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၆ ဒသမ ၂ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ပြီး လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Ref: edition.cnn

You may also like these stories:

ငွေတထောင်၊ ဟင်းတခွက်အတွက် ဖြုန်းတီးလိုက်တဲ့ ကမ္ဘာ့သယံဇာတများ

မီးမရှို့နဲ့ မြေဆွေးလုပ်ပါ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဘာလဲ ဘယ်လဲ

Your Thoughts …
Tags: ငလျင်ငလျင်ဒဏ်သေဆုံးအင်ဒိုနီးရှားအင်အားပြင်း
Aurora

Aurora

Contributor

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.1k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

by အောင်သူရ
12 April 2025
14.6k

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

Next Post
တရားစွဲခံရသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် / Oo Cho

တပ်မတော်က အဂတိ လိုက်စားကြောင်း သမ္မတထံစာပို့သည့် NLD အမတ် တရားစွဲခံရ

မဏိပူရပြည်နယ် အခြေစိုက် မော်ဝါဒီ ကသည်းသူပုန်များဖြစ်သည့်(PLA) တပ်ဖွဲ့ဝင်များ(naukrinama)

တရားမဝင် ဝင်လာသည့် ကသည်းသူပုန် ၆ ဦးကို တရားစွဲဆိုထား

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.7k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

1 week ago
6.5k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate