• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

စောဘဦးကြီး ရုပ်တု စိုက်ထူခွင့်မရ၍ KNU စိတ်ပျက်

by ကျော်ခ
5 February 2018
in Ethnic Issues
A A
စိုက်ထူရန် တားဆီးခံရသော စောဘဦးကြီး ရုပ်တု  / karenmystory.blogspot.com

စိုက်ထူရန် တားဆီးခံရသော စောဘဦးကြီး ရုပ်တု / karenmystory.blogspot.com

36.3k
VIEWS
Share on FacebookShare on Twitter

ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး၏ ရုပ်တုကို နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့တွင် ဂုဏ်ပြု စိုက်ထူမည့် အစီအစဉ်အား တပ်မတော်မှ လာရောက် ဟန့်တားခြင်း အပေါ် စိတ်ပျက် မိ ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒို စောမောင်ရွှေ က ပြောသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ မြောက် ကရင်အမျိုးသားနေ့တွင် စိုက်ထူမည့် စောဘဦးကြီး၏ ရုပ်တုကို KNU ဒူးပလာယာ ခရိုင် ဝင်းရေးမြို့နယ် ရုံးသို့ သယ်ဆောင်လာရာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကြာအင်းဆိပ်ကြီး မြို့နယ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းစံ ကိုယ်တိုင် လာရောက် တားမြစ်ခဲ့ကြောင်း သိရသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
574
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
67
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
191

ပဒို စောမောင်ရွှေ က “သူတို့ပြောတာက အထက်အမိန့်ပဲလို့ပြောတယ်။ ကျနော်တို့လည်း စိတ်ဓာတ် ထိခိုက်သွားတာပေါ့။ ကိုယ့်သမိုင်းအမွေအနှစ်ကို ပြန်ပြီးတော့ ဖော်ထုတ်တာပဲ။ ကန့်ကွက်တယ် ဆိုတော့ အခုလို ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ကျနော်တို့ နားမလည်တော့ဘူး။ မပြောတတ် တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး၏ ရုပ်တုနှင့် ပတ်သက်၍ ဤသည်မှာ ဒုတိယ အကြိမ် ကန့်ကွက်ခံရခြင်းပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကလည်း ဘုရားသုံးဆူမြို့နယ်တွင် စိုက်ထူရန် ကြိုးပမ်းမှုကိုလည်း ပထမအကြိမ် ကန့်ကွက်ခြင်း ခံခဲ့ ရပြီးဖြစ်သည်။

တပ်မတော်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းစံကမူ စောဘဦးကြီး ရုပ်တုနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား သဘောတူ ရေးထိုးထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် (NCA) သဘောတူညီချက်နှင့် အညီ ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-s)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေး ကော်မတီ (JMC-U) တို့တွင် ဆွေးနွေးပြီး သဘောတူညီချက်ရပါက ကြိုက်နှစ်သက်ရာ နေရာ တွင် စိုက်ထူထား ရှိနိုင်ကြောင်း ဝင်းရေးမြို့နယ် KNU ရုံးသို့ လာရောက်ဆွေးနွေးစဉ် ပြောဆိုကြောင်း ရုပ်သံ မှတ်တမ်းများအရ သိရသည်။

 

“JMC-s မရရင် JMC-U အထိ သွားလို့ရတယ်။ အဲမှာ အကြေအလည် ဆွေးနွေးပြီး ထွက်လာတဲ့ ဆုံးဖြတ်ချက် အပေါ် မူတည်ပြီးတော့မှ လုပ်လို့ရတာပေါ့။ လက်ရှိတော့ မက္ကသရွာမှာ ထားပြီးတော့မှ JMC-s အစည်းအဝေးကို လိုအပ်ရင်အရေးပေါ် ခေါ်ပြီးတော့ အဲဒီမှာ ဆွေးနွေးကြမယ်။ ဆွေးနွေး ပြီးရင်တော့ ရန်ကုန်မှာ ထားလည်းရတယ်” ဟု ၎င်းက ပြောသည်။

ဝင်းရေးမြို့နယ်ရုံးတွင် စောဘဦးကြီး၏ ရုပ်တု စိုက်ထူရန်အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU )၏ သုံးလပတ် အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး လတ်တလော၌ မက္ကသ ကျေးရွာ တွင် ယာယီ ထားရှိထားကြောင်း သိရသည်။

စောဘဦးကြီး၏ ရုပ်တု စိုက်ထူခြင်းမှာ ကရင်သမိုင်းတွင် ကရင်တိုင်းရင်းသားများ လေးစား အားကျ ရသည့် ထင်ရှားသည့် ပုဂ္ဂိုလ် တဦးဖြစ်သဖြင့် အမှတ်တရ ဂုဏ်ပြု စိုက်ထူရန် ပြုလုပ်ခြင်းသာဖြစ်ပြီး နိုင်ငံတော်အစိုးရအား ဆန့်ကျင်၊ တော်လှန်ရန် ပုန်ကန်ရန် ပြုလုပ်နေခြင်း မဟုတ်သဖြင့် ခွင့်ပြုပေး သင့်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) ၏ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က ပြောသည်။

မန်းအောင်ပြည်စိုး က “ကျနော်တို့နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ရှိနေသလို ကျနော်တို့ ကရင်ပြည်နယ်မှာ ကျနော်တို့ရဲ့ ခေါင်းဆောင်ကြီး ရုပ်တု ရှိတာကိုတော့ ကျနေ်ာတို့က လိုချင် တာပေါ့။ သူတို့ကတော့ ဘယ်လိုဖြစ်သွားလဲမသိဘူး ကျနော်တို့ ကတော့ ရင်ထဲမှာ မချိမဆန့် ခံစားနေရတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ကရင်တိုင်းရင်းသားတို့က အာဇာနည် တဦးအဖြစ် ဖော်ညွှန်းပြောဆိုသော စောဘဦးကြီးကို အစိုးရက သောင်းကျန်းသူ၊ သူပုန် ဟု သတ်မှတ်ခဲ့သော်လည်း ကရင်တိုင်းရင်းသားများ အနေဖြင့် စောဘဦးကြီး ကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အတွက် တော်လှန်ရေး ခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ကြောင်း မန်းအောင်ပြည်စိုး က ဆက်ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုမျိုးသည် အစိုးရ အနေဖြင့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး၊ တိုင်းရင်း သား စည်းလုံးညီညွှတ်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စရပ်များကို ကြိုးပမ်းဆောင်ရွက် နေမှုအပေါ် ထိခိုက်နိုင်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒို စောမောင်ရွှေ က ပြောသည်။

ပဒို စောမောင်ရွှေ က “သူတို့ ကြွေးကြော်တဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ညီအစ်ကို မောင်နှမ စိတ်ဓာတ်က ဒါပဲလား။ ညီအကို မောင်နှမ စိတ်ဓာတ် ထားဖို့က အဲ့ဒီလိုပဲ လုပ်ရသလား။ လူမျိုး တမျိုးရဲ့ တန်ဘိုးရှိတဲ့ သမိုင်းအမွေအနှစ်ကို ဖော်ထုတ်ခွင့် မရတာက ဒါတိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ဘယ်လိုသွား တည်ဆောက်မလဲ” ဟု ပြောသည်။

အင်းစိန်တိုက်ပွဲအတွင်း အစိုးရနှင့် ဆွေးနွေးရန် လာရောက်သည့် စောဘဦးကြီး(ဝဲဘက် ဒုတိယမြောက်)ကို ဗိုလ်မှူးချုပ် ဘလိတ်နှင့်အတူ တွေ့ရစဉ်

ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးကို ၁၉၀၅ ခုနှစ် ပုသိမ်ခရိုင် ဘဲဂရက် ကျေးရွာတွင် မွေးဖွားခဲ့ပြီး၊ အင်္ဂလန် နိုင်ငံသို့ သွားရောက်ကာ ဥပဒေပညာကို သင်ယူခဲ့သူဖြစ်သည်။

တခြားသော ကရင် ပညာတတ်ခေါင်းဆောင်ကြီးများ ဖြစ်သည့် ဆာစံစီဖိုး၊ စောစံဖိုးသင်၊ သရာသာထို၊ ဒေါက်တာ စောလှထွန်းတို့ကဲ့သို့ ထင်ရှားသူဖြစ်သည်။

၁၉၄၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ခဲ့သည့် ကရင်တော်လှန်ရေး၌ အဓိက ခေါင်းဆောင်ဖြစ်လာပြီး နာမည်ကျော် အင်းစိန် တိုက်ပွဲကို ဆင်နွဲခဲ့သည်။

ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့(KNDO) ဥက္ကဋ္ဌ စောဘဦးကြီး ချမှတ်ခဲ့သည့် လက်နက်ချ အညံ့ ခံခြင်း အလျှင်း မပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်၊ ကရင်ကံကြမ္မာ ကရင်ဖန်တီး မည်နှင့် ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံ စေရမည် ဆိုသည် မူ ၄ချက်မှာ ထင်ရှားပြီး ယင်းမူဖြင့် ယနေ့တိုင် ကရင့်တော်လှန်ရေး ဆက်လက် ရှင်သန်နေခြင်း ဖြစ်ကြောင်း သိရသည်။

အင်းစိန်တိုက်ပွဲအတွင်း KNDO ဥက္ကဋ္ဌ စောဘဦးကြီးနှင့် ဝန်ကြီးချုပ် ဦးနုတို့ ဆွေးနွေးပွဲ ပျက်ပြားပြီး အစိုးရတပ်များ အင်းစိန်ကို သိမ်းပိုက်ခဲ့သည်၊ ထို့နောက် ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက် နေ့တွင် ကော့ကရိတ်နယ်ရှိ ထော့ကိုကိုး ကျေးရွာတွင် အစိုးရတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲ၌ ကရင်ခေါင်းဆောင်ကြီး စောဘဦး ကျဆုံးခဲ့သည်။

ကရင်တိုင်းရင်းသားများအနေဖြင့် စောဘဦးကြီးကို အမျိုးသားခေါင်းဆောင်ကြီး၊ တော်လှန်ရေး၏ ဖခင်၊ ကရင်အာဇာနည်အဖြစ် ယနေ့တိုင် အသိအမှတ်ပြုထားသည်။

Your Thoughts …
Tags: စောဘဦးကြီး ရုပ်တု
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ကချင်ပြည်နယ် မိုင်ဂျာယန်မြို့နယ်တွင် တွေ့ရသော KIA တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

တပ်မတော် စခန်းများကို ဗျူဟာ အရ တိုက်ခိုက်ခဲ့ကြောင်း KIA ပြောဆို

အမျိုးသမီးတွေရဲ့ဘဝလုံခြုံရေးအတွက် ဘာတွေအရေးကြီး ဆောင်ရွက်ဖို့ လိုအပ်နေလဲ (ရုပ်/သံ)

အမျိုးသမီးတွေရဲ့ဘဝလုံခြုံရေးအတွက် ဘာတွေအရေးကြီး ဆောင်ရွက်ဖို့ လိုအပ်နေလဲ (ရုပ်/သံ)

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate