• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

NSCN –K နာဂအဖွဲ့ အတွင်း ဥက္ကဋ္ဌကို ဖြုတ်ကာ ခေါင်းဆောင်အပြောင်းအလဲလုပ်

by ချစ်မင်းထွန်း
18 August 2018
in Ethnic Issues
A A
NSCN-K ဥက္ကဌရာထူးကနေ ထုတ်ပယ်ခံလိုက်ရသော ဦးခါးငေါ်နှင့်  NSCN-K တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် /  Naga Connect (fb)

NSCN-K ဥက္ကဌရာထူးကနေ ထုတ်ပယ်ခံလိုက်ရသော ဦးခါးငေါ်နှင့် NSCN-K တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် / Naga Connect (fb)

27.4k
VIEWS
Share on FacebookShare on Twitter

နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K)၏ လက်ရှိ ဥက္ကဌဖြစ်သူ ဦးခါးငေါ်ကို တာဝန်မကျေသည့် အတွက်ဆိုကာ ရာထူးက ထုတ်ပယ်လိုက်ပြီး ယာယီဥက္ကဌအဖြစ် ဦးယုံးအောင် (Yung Aung)ကို ယမန်နေ့က တင်မြောက်လိုက်သည်။

NSCN-K ၏ ဗဟိုဌာနချုပ်တည်ရှိရာ နမ်းယွန်းမြို့နယ်ရှိ တံခါးစခန်းတွင် သြဂုတ်လ ၁၅ရက်နေ့မှ ၁၇ ရက်နေ့အထိ ခေါင်း ဆောင်ပိုင်း အစည်းအဝေး ပြုလုပ်ပြီး ဦးခါးငေါ်ကို ဥက္ကဋ္ဌ အဖြစ်မှ ထုတ်ပယ် ကာ ဦးယုံးအောင်(Yung Aung)အား ယာယီ ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ တင်မြှောက်လိုက် ခြင်းဖြစ်ကြောင်း NSCN-K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန် က ဧရာဝတီသို့ ပြောသည်။

RelatedPosts

မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
435
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
876
ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

7 May 2025
8.8k

“ကျနော်တို့ အစည်းအဝေး ထိုင်ပြီး ဥက္ကဌကို NSCN –K ကနေ ပယ်ထုတ်လိုက်တာ။ ပါတီကနေရော၊ လုပ်ငန်းထဲကနေ ရော ထုတ်ပယ်လိုက်တယ်။ သြဂုတ် ၁၅ ၊ ၁၆၊ ၁၇ ဒီ ၃ ရက်အတွင်းမှာ ကျနော်တို့ အဖွဲ့အစည်း အားလုံး အစည်းအဝေး ထိုင်ပြီးတော့မှ ကက်ဘိနက် ဝန်ကြီးတွေ အားလုံး ဆုံးဖြတ်ချက် တခုကို ချတယ်။ NSCN ဘက်ကနေရော၊ သူ့သမ္မတ ရာထူး တာဝန်ရော ထုတ်ပယ်လိုက်တယ်”ဟု ၎င်းက ပြောသည်။

ဦးခါးငေါ်အား ရာထူးမှ ဖယ်ရှားရခြင်းမှာ ဥက္ကဌ တာဝန်ကို ၁ နှစ်ကျော် ယူလာသည့်တိုင် အဖွဲ့ အစည်းကို ဦးမဆောင်နိုင် ခြင်း၊ တဦးတယောက်တည်း စနစ်ကို ကျင့်သုံးနေခြင်း၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူး ခန့်အပ်မှု မရှိခြင်း၊ လူထုနှင့် ကင်းကွာ လာခြင်း၊ NSCN-K အစိုးရဝန်ကြီးဌာနများကို လမ်းညွန်မှု မပေးနိုင်ခြင်း စသည့် အခြေအနေများကြောင့် ဖြစ်ကြောင်း NSCN-K ၏ ဗဟိုကော်မတီဝင်လည်းဖြစ် သာသနာရေးဝန်ကြီးလည်းဖြစ်သူ ဦးကျော်ဝမ်းစိန်က ရှင်းပြသည်။

ဦးခါးငေါ်နေရာမှာ အစားထိုး ခန့်အပ်ခြင်းခံရသည့် ဦးယုံးအောင်(Young Aung)သည် NSCN-K မှ ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး တာဝန်ကို ရယူထားသူ ဖြစ်ပြီး၊ ယခင်ခေါင်းဆောင် ဟောင်း ကွယ်လွန်သ ဦးကပ်ပလန်၏ တူတော်သူဖြစ်ကာ သူသည် မဏိပူရတွင် ပညာသင်ကြားခဲ့ပြီး သိုင်းနှင့် ပိုလို ကျွမ်းကျင်သည်ဟု သိရသည်။

ယခုအခါ ဦးယုံးအောင်သည် NSCN-K ဥက္ကဌ တာဝန်နှင့် NSCN-K အစိုးရအဖွဲ့ သမ္မတ တာဝန်ကို သြဂုတ် ၁၇ ရက်မှ စတင်၍ တာဝန်ယူ ဆောင်ရွက်သွားမည် ဟု သိရသည်။

ထုတ်ပယ်ခံလိုက်ရသော ဦးခါးငေါ်သည် ၂၀၁၇ ခုနှစ်၊ဇွန်လက ကွယ်လွန်သွားသည့် NSCN-K ဥက္ကဌ ဦးကပ္ပလန် နေရာမှာ တာဝန်ယူရန် ၂၀၁၇ ခုနှစ်၊ဇွန် ၂၀ ရက်တွင် ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

“သူ တာဝန်ယူတာ ၁ နှစ်နဲ့မှ ၄ လရှိပြီ၊ အဲဒီ အတောအတွင်း ဘာမှ မဆောင်ရွက်နိုင်ဘဲ တယောက် တည်း သွားနေတဲ့ အခါကျတော့ ကျနော်တို့ NSCN အဖွဲ့အတွင်းမှာ တော်တော်လေး ဖရိုဖရဲဖြစ် သွားတာပေါ့။ လုပ်ငန်း လစ်ဟင်း တာပေါ့ နော်။ ဝန်ကြီးဌာန အသီးသီးမှာလည်း သူက လမ်းညွန်မှု မရှိတော့ဘူး။ ဒါတွေပါတယ်။ ဒီလိုဖြစ်သွားခြင်း အားဖြင့် ပြည်သူ လူထုနဲ့ လည်း ကျနော်တို့က အဆက်စပ် မရှိဘူး၊ လူထုနဲ့ ဆွေးနွေးတိုင်ပင် လုပ်ငန်းဆိုင်ရာမှာ လည်း တော်တော်လည်း အားနည်းချက်ဖြစ်သွားတယ်”ဟု ဦးကျော်ဝမ်းစိန်က ဆက်ပြောသည်။

ဥက္ကဌရာထူးမှ ဖြုတ်ချခံရသည့် ဦးခါးငေါ်မှာ ယခုနှစ် ဇူလိုင် လကုန်ပိုင်း၌ တပ်မတော် အနောက် မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ နေ၍ တာဂါဒေသမှာဘဲ နေထိုင်ရန် နယ်မြေကန့်သတ်မှုများ ခံခဲ့ရသူ ဖြစ်သလို၊ တပ်မတော်နှင့် တင်းမာမှု တချို့ ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့နယ် အတွင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ် NSCN-K စခန်းတခု နောက်ဆုတ်ပေး လိုက်ရသည့် အခြေအနေ များလည်း ရှိခဲ့သည်။

ထို့နောက် ယခုကဲ့သို့ ဦးခါးငေါ်ကို NSCN-K က ဥက္ကဌတာဝန်ကနေ ထုတ်ပယ် လိုက်သည့် အခြေအနေများ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အိန္ဒိယ ထောက်လှမ်းရေးကမူ NSCN-K အဖွဲ့ရှိ မြန်မာပြည် ဖွား နာဂများ က အိန္ဒိယဖွား နာဂများအပေါ် သွေးထွက်သံယို ကင်းသော အာဏာသိမ်းလိုက်ခြင်းဟာ ယူဆသည်။

အာဏာသိမ်းခံလိုက်ရသည့် ဦးခါးငေါ်မှာ သူ့အား သစ္စာခံသည့် နောက်လိုက်များနှင့် အတူ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဌာနချုပ်မှ ထွက်ခွာသွားပြီး အိန္ဒိယဖွား နာဂထိပ်တန်းခေါင်းဆောင် အနည်းငယ်သူနှင့် လိုက်ပါသွားသည်ဟု ယုံကြည်ရသည်။အိန္ဒိယ စစ်တပ်ကမူ မြန်မာပြည်ဖွားနာဂများ ထက် အိန္ဒိယပြည်ဖွားနာဂများသည် ဆက်ဆံရလွယ်သည်ဟု ယူဆသည်။

ထိုသို့ ဦးခါးငေါ် အား NSCN-K ဥက္ကဌ တာဝန်ကနေ ထုတ်ပယ်ခံလိုက်ရသည့်အတွက် NSCN-K ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အပြောင်းအလဲ ရှိ၊ မရှိဆိုသည့်အပေါ် ဦးကျော်ဝမ်းစိန်က မြန်မာနိုင်ငံတော် အစိုးရနှင့် ငြိမ်းချမ်းရေးကို ဆက်လက် ထားရှိမည်ဖြစ်ပြီး NCA ထိုးရေးကိစ္စမှာတော့ အဖွဲ့အစည်း အတွင်း အကျေအလည် ဆွေးနွေးရန် လိုအပ်ကြောင်း ဆိုသည်။

“NCA လက်မှတ်ထိုးရမယ့်ဆိုတဲ့ ကိစ္စမှာက ကျနော်တို့အတွင်းထဲမှာ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှပဲ အကောင်အထည်တခု ဖော်လို့ရမှာပေါ့။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတဲ့ ကိစ္စက လည်း ကျနော်တို့ နာဂဒေသအတွက် အကျိုးရှိမယ့် အချက်တွေ ယူရမှာ ပေါ့နော်။ ယူပြီးမှ အစိုးရနဲ့ တိုင်ပင်မယ်၊ ဆွေးနွေးမယ်။ အဲမှာ အစိုးရကလက်ခံ နိုင်တဲ့ အတိုင်းအတာလား၊ လက်မခံနိုင်ဘူးလား ပေါ့။ ဆို တော့ လက်မှတ်ထိုးလို့ရသလား မရဘူးလားပေါ့။ စသဖြင့်ပေါ့ ဒီလိုတော့ အခြေခံမှာပေါ့”ဟု ၎င်းက ပြောသည်။

NSCN-K သည် ၂၀၁၂ ခုနှစ်က တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ထိုးထား သော နာဂ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ထိုးရန် ကမ်းလှမ်းခံထားရသည့် အဖွဲ့ဖြစ်သည်။

သို့သော် NSCN-K က အိန္ဒိယ-မြန်မာ ၂ နိုင်ငံစလုံးရှိ နာဂလူမျိုးများ အားလုံး ပူးပေါင်းနိုင်ရေး အတွက် အဓိကထား လုပ်ဆောင်နေခြင်းကြောင့် NCA ထိုးရန် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

Your Thoughts …
Tags: NSCN-Kနာဂ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အဖွဲ့ဝင်များကို မြန်မာနယ်နိမိတ်အတွင်း စစ်ရေးလေ့နေသည်ကို တွေ့ရစဉ်  / PLA

အိန္ဒိယသူပုန်များနှင့် ပြန်ပေါင်းထုပ်နေရသော မြန်မာစစ်တပ်

by Bertil Lintner
11 December 2021
13k

အိန္ဒိယသည် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တော်လှန်ရေးနေ့ စစ်ရေးပြပွဲသို့ ကိုယ်စားလှယ် (စစ်သံမှူး) စေလွှတ်သည်။

နာဂဒေသမှာ ငွေလိမ်ခံရသူတွေကို လက်နက်ကိုင်တွေက ခြိမ်းခြောက်ဖမ်းဆီးနေ (ရုပ်/သံ)

နာဂဒေသမှာ ငွေလိမ်ခံရသူတွေကို လက်နက်ကိုင်တွေက ခြိမ်းခြောက်ဖမ်းဆီးနေ (ရုပ်/သံ)

by ဧရာဝတီ
23 December 2024
170

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာမြို့မှာ ငွေကြေးလိမ်လည်ခံရတဲ့ နစ်နာသူတွေကို လက်နက်ကိုင်တွေက ဖမ်းဆီးရိုက်နှက်ပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။

နာဂတိုင်းရင်းသား လူဦးရေအားဖြင့် ၄ သန်းခန့် ရှိပြီး မြန်မာပြည်ဘက်ရှိ လူဦးရေမှာ စုစုပေါင်း နာဂလူဦးရေ၏ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိသည် / Reuters

နာဂ တို့၏ လာရာနဲ့ လားရာ

by Banner Tort Reign
23 August 2017
7.8k

နာဂ အရေးသည် နာဂ မဟုတ်သူများ အတွက် မဆိုထားနှင့် နာဂလူမျိုးများ အတွက်ပင်လျှင် ရှုပ်ထွေးလှသည်။ မတူညီသော နိုင်ငံရေး လားရာများ ကြားတွင် မည်သည့်ဘက် လိုက်ရမည်ကို နာဂ ပြည်သူအများစုမှာ ဝေခွဲမရ ဖြစ်ကြရသည်။

အိန္ဒိယမှ ခွဲထွက်ရေးလှုပ်ရှားနေသည့် ULFA တပ်ဖွဲ့များ / Himalmag Flickr/K.Aksoy

တရုတ် ကူညီခဲ့တဲ့ မြန်မာ-အိန္ဒိယ သူပုန်များ

by ဧရာဝတီ
7 August 2020
17.3k

မြန်မာရဲ့ အိမ်နီးချင်းတရုတ်နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဟာ သူ့ရဲ့ ညီနောင် ကွန်မြူနစ်တွေကို လက်နက်အင်အား လူအင်အား ကူညီခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တွင် လွှင့်ထူထားသည့် အိန္ဒိယအလံ  /  AFP

မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်

by Rajeev Bhattacharyya
10 September 2022
14k

စစ်ကောင်စီနှင့် ပတ်သက်သည့် အိန္ဒိယ၏ လက်ရှိမူဝါဒသည် ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းက အခြေအေနနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

အိန္ဒိယ - မြန်မာနယ်စပ် တွင်တွေ့ရသည့် NSCN – K တပ်ဖွဲ့ဝင် တဦး  / Reuters

နာဂလက်နက်ကိုင်အဖွဲ့၏ ဌာနချုပ်ကို တပ်မတော်ဝင်ရောက် ထိန်းချုပ်

by ချစ်မင်းထွန်း
31 January 2019
70.4k

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) ၏ ဗဟိုဌာနချုပ်ကို တပ်မတော်က အင်အား ၄၀၀ ခန့်ဖြင့် ဝင်ရောက် ထိန်းချုပ်လိုက်ကြောင်း သတင်းရရှိသည်။

Next Post
ပုံနှိပ်မီဒီယာ အသက်ကို ကယ်ပါ

ပုံနှိပ်မီဒီယာ အသက်ကို ကယ်ပါ

ရုရှားနိုင်ငံသားတွေရဲ့ အရက်သာက်သုံးမှုနှုန်းဟာ ကမ္ဘာတဝှမ်းမှာဆိုရင် အမြင့်ဆုံး စာရင်းဝင်ပါ

ကမ္ဘာတဝှမ်းက အရက်သောက်သုံးမှု အများဆုံးနိုင်ငံ ၅ နိုင်ငံ

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate