ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ထိုင်း-မြန်မာ နယ်စပ်နားက ရွှေကုက္ကိုလ်ဆိုတဲ့ ရွာမှာ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) စစ်မှုထမ်းဟောင်းတွေ စုပြီး နေရာချထားတဲ့ ရွာလေး တရွာ ရှိပါတယ်။ လက်နက် ကိုင် တိုက်ပွဲဝင်ခဲ့တဲ့ ကာလအတွင်း ဒဏ်ရာတွေ ရရှိခဲ့ပြီး ကိုယ် လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူတွေကို နေရာချထား ပေးတဲ့ အဲဒီ ရွာလေးမှာ အိမ်ထောင်စုပေါင်း ၇၀ နီးပါးရှိ ပြီး အများစုက မိုင်းဒဏ်ကြောင့် ခြေထောက်တွေ ဆုံးရှုံးခဲ့ ရသူတွေ ပါ။ သန်မြန်စဉ် အခါက လက်နက်ကိုင်ပြီး ရဲရဲတောက် တိုက်ပွဲဝင်ခဲ့ကြသူတွေပေါ့။ သူတို့ဟာ ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရ သော်လည်း ဘဝကို အရှုံးမပေး၊ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ DKBA တပ်ဖွဲ့ဝင် တချို့ဟာ တပ်မတော်နဲ့ ပူးပေါင်းပြီး နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းပြီး အခွင့်အလမ်းကောင်းတွေနဲ့ ရပ်တည် နေပေမယ့် တချို့စစ်သား ဟောင်းတွေ ကတော့ ယခင်လစာ ထောက်ပံ့ငွေ ကျပ် ၁၅၀၀၀ ကိုတောင် မရခဲ့တာ ၇ လ ကျော်ခဲ့ပါပြီ။ အခြား အလုပ် အကိုင် အခွင့်အလမ်းတွေလည်း မရှိ၊ ထောက်ပံ့ငွေလည်း မရ။ သို့ပေမယ့် သူတို့ရဲ့ ရှင်သန်ရပ်တည်ဖို့ ကြိုးစားရုန်းကန် နေကြဆဲ ဖြစ်ပါသည်။
(The Irrawaddy Weekly Journal, Vol.1, No.36 – Page 26 & 27 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)