သမ္မတတယောက်ဖြစ်တဲ့ ထရမ့်အတွက်ကတော့ လက်ရှိမှာ စစ်ကြေညာချက်လို အာဏာတွေကနေ စက်သုံး ဆီဈေးနှုန်းတွေ လျော့ချဖို့ထိအောင် ထုတ်ပြန်ချက်၊ အာဏာအမျိုးမျိုးပေးနိုင်ခွင့်ရှိနေတာလည်း ဖြစ်ပါတယ်။
သမ္မတတယောက်ရဲ့လုပ်ပိုင်ခွင့် အများကြီးရှိပေမယ့် ဘယ်လိုလုပ်ပိုင်ခွင့်တွေက အတည်ပြုချက်ယူပြီး အမိန့်ထုတ်ရတာ လည်း၊ အတည်ပြုချက် ယူစရာမလိုဘဲ အမိန့်ထုတ်မှုတွေရော လုပ်နိုင်သလားဆိုတာ ကျနော်တို့ ခွဲခွဲခြားခြား သိဖို့တော့ လို မှာပေါ့။
ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်ရဲ့သမ္မတ ဖြစ်နေသည့်တိုင်အောင် အတည်ပြုချက်မလိုဘဲ သူ့ရဲ့ဆန္ဒအတိုင်း အမိန့် ပေး အာဏာတည်စေနိုင်မှုကတော့ တကယ်တမ်း စာရင်းချုပ်လိုက်ရင် အခု ပြောမယ့် လုပ်ပိုင်ခွင့် ၆ခုပဲ ရှိပါတယ်။ ဘာတွေပါလဲ။
(၁) ဘယ်ဖုန်းကို မဆို စာတို (Message)ပို့နိုင်တယ်
စာတိုပေးပို့မှု ပုံစံ ၃ခု ရှိပါတယ်။ ရုံးကိစ္စပိုင်းဆိုင်ရာ ပေးပို့မှု (အရေးပေါ် အခြေအနေအကြောင်း စသဖြင့်)၊ အကူအညီ တောင်းစာတိုပေးပို့မှု (ကလေးပျောက်ဆုံးမှုအကြောင်း စသဖြင့်)နဲ့ သမ္မတထံကနေ စာတိုပေးပို့မှုတွေ ဖြစ်ပါတယ်။ ပထမစာ တိုအမျိုးအစားနှစ်ခုကို သင့်ဖုန်းကနေ စာတိုအဝင် မရှိစေချင်ရင် ပိတ်ထားလို့ရပေမယ့် သမ္မတဆီက စာတိုပေးပို့မှုကိုတော့ ပိတ်ထားလို့ မရပါဘူး။ ထရမ့်အနေနဲ့ သူရေးချင်တဲ့စာကို ပို့ချင်တဲ့ ဖုန်းဆီရောက်အောင် စာတိုပေးပို့နိုင်ခွင့်ရှိပါတယ်။
(၂) နျူလက်နက် အသုံးပြုတိုက်ခိုက်မိန့်ပေးနိုင်တယ်
နိုင်ငံတနိုင်ငံကို စစ်ကြေညာဖို့ကိုတော့ ထရမ့်တယောက်တည်းရဲ့ဆန္ဒနဲ့ မလုပ်နိုင်ပေမယ့် နျူလက်နက် အသုံးပြုတိုက်ခိုက် မိန့်ကိုတော့ ဘယ်သူနဲ့မှ အတည်ပြုချက်ယူစရာမလိုဘဲ ပစ်ခွင့်ပေးနိုင်ပါတယ်။ Nuclear Footballလို့ ခေါ်တဲ့ နျူလက်နက် ပစ်ခတ်နိုင်မှု ထိန်းချုပ်ခရီးဆောင်သေတ္တာနဲ့အတူ သမ္မတတဦးက အမြဲ အတူရှိနေရပါတယ်။ အဆိုပါ သေတ္တာမှာ နျူလက် နက်ပစ်ခတ်မှု Code ကို ရိုက်ထည့်ပြီး ပစ်ခတ်မှုကို အသက်သွင်းနိုင်ပါတယ်။
သမ္မတအနေနဲ့ ကာကွယ်ရေးအကြံပေးအဖွဲ့ရဲ့အမိန့်ကို စောင့်နေဖို့ မလိုအပ်ပါဘူး။ ဘယ်သူမှာမှလည်း နျူလက်နက် ပစ် ခတ်မှုကို ရပ်တန့်နိုင်မယ့်ဗီတိုအာဏာ မရှိပါဘူး။ သမ္မတကသာ ပစ်ခတ်ခဲ့ရင် ပစ်ခတ်မှု အမှန်တကယ် ဖြစ်ပွားမှာပါ။
(၃) လျှပ်စစ်သုံးပစ္စည်းတွေနဲ့ ပတ်သက်ပြီး ရှာဖွေမိန့်ပေးနိုင်တယ်
၂၀၀၂ခုနှစ်အတွင်း သမ္မတ ဂျော့ရှ်ဘုကနေ ပြည်သူ့အိုးအိမ်လုံခြုံရေးဌာနကို လိုအပ်တဲ့ မိုင် ၁၀၀ ပတ်လည်အတွင်းမှာ ရှိတဲ့ အိမ်တိုင်းက လျှပ်စစ်နည်းပညာ ပစ္စည်းအားလုံးကို စစ်ဆေးမိန့် ထုတ်ဖူးပါတယ်။ ဒီလို စစ်ဆေးမိန့်မျိုးကို ထရမ့်အနေနဲ့ အတည်ပြုချက် မလိုဘဲ အမိန့်ပေးနိုင်တာပါ။ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ အဲဒီကနေမှ Facebook တွေ Gmail တွေကိုပါ ဝင် ရောက်စစ်ဆေးမယ့်သဘောပါ။
(၄) ရုပ်သံအစီအစဉ်တွေနဲ့ ဇာတ်ကားတွေကို ဦးဦးဖျားဖျားကြည့်ခွင့် ယူနိုင်တယ်
၂၀၁၆ ခုနှစ်အတွင်း သမ္မတအိုဘားမားက Games of Thronesရဲ့ အပိုင်း ၆ ကို ဦးဦးဖျားဖျား ကြည့်ချင်တယ်လို့ အမိန့်ပေး တောင်းဆိုဖူးတာ တွေ့ရပြီး အဆိုပါ ရုပ်သံဖန်တီးသူထံကို တောင်းဆိုခဲ့တာ တွေ့ရသလို ထုတ်လုပ်သူကလည်း သဘောတူ ပြသခဲ့တာပါ။
ထုတ်လုပ်သူဖြစ်တဲ့ David Benioffက အဆိုပါ သမ္မတရဲ့တောင်းဆိုကြည့်ရှုမှုအကြောင်း CNN ကို ပြောကြားချက်မှာ သမ္မတရဲ့ကိုယ်ရေးအရာရှိကနေတဆင့် သူ့ကို ဇာတ်လမ်းတွဲရဲ့အပိုင်း ၆ကို ဦးဦးဖျားဖျား ကြည့်ချင်တယ်၊ မင်း ဘယ်လို သဘောရသလဲလို့ ပြောလာခြင်းကြောင့် သမ္မတကို ဦးစွာ ပြသဖျော်ဖြေမှုပေးခဲ့တယ်လို့ ပြောတာ တွေ့ရပါတယ်။
(၅) အစိုးရဝန်ထမ်းအားလုံးရဲ့စာတိုအသုံးပြုမှု အခွင့်အရေးတွေကို ပယ်ဖျက်နိုင်တယ်
၂၀၀၉ခုနှစ်က သမ္မတ အိုဘားမားကနေ အုပ်ချုပ်မှု အမိန့်တခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ တွေ့ရပြီး အဆိုပါ အ မိန့်အရ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ကားမောင်းရင်း စာတိုပေးပို့မှုနဲ့ Chatingလို အသုံးတွေကို ပိတ်ပင်လိုက်တာ တွေ့ရပါ တယ်။
အမိန့်အရတော့ ဝန်ထမ်း ၃သန်း နီးပါးလောက်ဟာ ကားမောင်းရင်း စာတိုပေးပို့ အသုံးပြုမှုကြောင့် ဖြစ်လာနိုင်တဲ့ မတော်တ ဆမှုတွေကို လျော့ချ ကာကွယ်သွားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီအမိန့်ဟာ အိုဘားမားလက်ထက် ရေးထိုးထုတ်ပြန် အမိန့် ၂၇၇ခုထဲက တခု ဖြစ်ပါတယ်။
(၆) အရေးပေါ်အခြေအနေကို ကြေညာချက် ထုတ်နိုင်တယ်
ဘယ်လို အကြောင်းရင်းကြောင့်ပဲ ဖြစ်စေ အရေးပေါ်ကြေငြာချက်ကိုလည်း သမ္မတကနေ ထုတ်ပြန်နိုင်သလို အဆိုပါ ထုတ် ပြန်ချက်ကို ဆယ်စုနှစ်တစုစာလောက် ကြာမြင့်သည်ထိအောင် ထားမယ်ဆိုရင်လည်း သမ္မတမှာ လုပ်ပိုင်ခွင့်ရှိနေပါတယ်။
သမ္မတ အိုဘားမားရဲ့တာဝန်ထမ်းဆောင်ချိန် ၆နှစ်အတွင်း ကမ္ဘာနဲ့အဝှမ်းမှာ နိုင်ငံနဲ့သက်ဆိုင်တဲ့ အရေးပေါ်အခြေအနေ ၃၀ ခန့် ထုတ်ပြန်ကြေငြာခဲ့တာ တွေ့ရပါတယ်။ အဆိုပါ အခြေအနေထဲက ၂ခုက သူ့လက်ထက်မှာဖြစ်တာပါ။
အခြား အရေးပေါ်အနေအထားတွေက ဘေလ်ကလင်တန်လက်ထက်က အကြောင်းအရင်းတွေ ပြန်ဖြစ်ပွားပြီး အရေးပေါ် သတ်မှတ်ချက် ပြန်ဖြစ်လာသလို သမ္မတကာတာလက်ထက်က အကြောင်းရင်းတွေကြောင့် အရေးပေါ် ဖြစ်လာမှုတွေပါ ရောနှောပါရှိပါတယ်။
ဒီလို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေငြာမှုနဲ့ အရေးပေါ်ကာလသတ်မှတ်ချက်တွေကို ကျန်းမာရေးကဏ္ဍ လိုအပ်ချက် ကြောင့် ဖြစ်စေ၊ အခြားထိန်းချုပ်မှုလိုအပ်တဲ့အနေအထားကြောင့် ဖြစ်စေ၊ စစ်ဘေး အန္တရာယ်ကြောင့်ဖြစ်စေ အမိန့်ထုတ် ပြန် ကြေညာနိုင်တာ တွေ့ရပါတယ်။
Ref: www.businessinsider.com