အမျိုးသားရေးမဲဖြင့် ကာကွယ်ရေးဝန်ကြီးဟောင်း သီရိလင်္ကာ ရွေးကောက်ပွဲ နိုင်
သီရိလင်္ကာနိုင်ငံ၏ ၈ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲတွင် ဂိုတာဘာယာ ရာဇပက်ဆာ Gotabaya Rajapaksa အနိုင်ရရှိခဲ့သည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပြင်းထန်သည့် အမျိုးသားရေးဝါဒီတို့၏ ထောက်ခံမှုဖြင့် အလယ်အလတ် ဝါဒီ ဆာဂျစ် ပရီမာဒါဆာ Sajith Premadasa ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း ဖြစ်သည်။
အသက် ၇၀ အရွယ် ဂိုတာဘာယာ ရာဇပက်ဆာက သူ့ကို ထောက်ခံမည်ဟု မျှော်လင့်ထားသည့် မဲဆန္ဒနယ်များ၏ ထောက်ခံမှုကို ရရှိခဲ့ကြောင်း အစောပိုင်း ရလဒ်များက ဖော်ပြနေသည်။ အထူးသဖြင့် ကျေးလက်အချက်အချာနေရာကို လွှမ်းမိုးထား သော ဆင်ဟာလီ ဗုဒ္ဓဘာသာ လူများစု၏ ထောက်ခံမှု ဖြစ်သည်။ သို့သော်လည်း တိုင်းပြည်၏ ဘာသာစကားနှင့် ဘာသာ ရေး လူနည်းစုများနေထိုင်ရာ နေရာများတွင် ဂိုတာဘာယာ ရာဇပက်ဆာ ရှုံးနိမ့်သောကြောင့် တိုင်းပြည်က မည်ကဲ့သို့ နက်ရှိုင်းစွာ ကွဲပြားနေသည်ကို ထုတ်ဖော်ပြသနေသည်။

စကား ခက်ထန်စွာပြောတတ်သည့် ကာကွယ်ရေး ဝန်ကြီးဟောင်း ဂိုတာဘာယာ ရာဇပက်ဆာက Sri Lanka Podujana Peramuna ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သည်။ အသစ်ဖွဲ့စည်းထားသည့် အဆိုပါတီသည် တိုင်းပြည်တွင် နိုင်ငံရေး သြဇာလွှမ်းမိုးမှု အရှိဆုံး သူ့မိသားစုအတွက် ယာဉ်ပမာလည်းဖြစ်သည်။ စည်းကမ်းဥပဒေများ ပြန်လည် အသက်သွင်းရန် နှင့် အမျိုးသားလုံခြုံရေး ခိုင်မာအားကောင်းစေရန် သူ၏ ကတိများကို တိုင်းပြည်တွင် အကြီးဆုံးမြို့ ဖြစ်သည့် ကိုလံဘို အပါအဝင် မြို့ပြ ဧရိယာများတွင် ထပ်တလဲလဲပြောကြားခဲ့သည်။
ဂိုတာဘာယာ ရာဇပက်ဆာက ပြိုင်ပွဲတွင် ရှေ့က ဦးဆောင်နေခဲ့သည်။ New Democratic Front ပါတီက လက်ရှိ အစိုးရမှ ဝန်ကြီးတဦးဖြစ်သည့် အသက် ၅၂ နှစ် အရွယ် ဆာဂျစ် ပရီမာဒါဆာကို သမ္မတလောင်း အဖြစ် အမည်စာရင်းမတင်မီ ရက်သတ္တပတ်များစွာ စော၍ သူ့ကို သူ့ပါတီက သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။ မဲဆွယ် စည်းရုံးရာတွင် လူမှုဖူလုံရေးနှင့် အားလုံးပါဝင်သော နိုင်ငံရေးခေါင်းစဉ်များဖြင့် ဆာဂျစ် ပရီမာဒါဆာက ကပ်လိုက်လာသည့် နောက်ပိုင်းမှာပင်လျှင် သူက ဆက်လက်ဦးဆောင်နေနိုင်ခဲ့သည်။
မဲရေတွက်မှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သော်လည်း ဆာဂျစ် ပရီမာဒါဆာက နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း တွင် ရှုံးနိမ့်မှုကို ဝန်ခံသည့် ကြေညာချက် အတိုတစောင်ထုတ်ပြန်ခဲ့သည်။ “ခက်ခက်ခဲခဲနှင့် အရှိန်ပြင်းပြင်းတိုက်ပွဲဝင်ခဲ့ ရသည့် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတခု ပြီးဆုံးသည့် အချိန်တွင် ပြည်သူလူထု၏ ဆုံးဖြတ်ချက် နှင့် သီရိလင်္ကာ၏ ၇ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရသော မစ္စတာ ဂိုတာဘာယာ ရာဇပက်ဆာကို ဂုဏ်ပြုခွင့်ရသည့် အတွက် အထူးပင် ဂုဏ်ယူမိပါသည်” ဟု သူက ဆိုသည်။

မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်က တရုတ်လိုလားသည့် ရာဇပက်ဆာ မိသားစုကို ဗျူဟာမြောက်စွာ တည်ရှိသည့် တောင်အာရှ ကျွန်းနိုင်ငံ၌ ၅ နှစ်ကြာ လက်လွှတ်ခဲ့ရသော အာဏာကို ပြန်လည်ရရှိခြင်း ဖြစ်သည်။ ဂိုတာဘာယာ ရာဇပက်ဆာ သည် သူ၏ အကိုဖြစ်သော မဟိန္ဒ ရာဇပက်ဆာ Mahinda Rajapaksa ၏ ၁၀ နှစ်နီးပါးကြာ သမ္မတသက်တမ်း အတွင်းတွင် အရေးပါသော ပုံရိပ်တခု ဖြစ်ခဲ့သည်။ မဟိန္ဒ ရာဇပက်ဆာ၏ သမ္မတသက်တမ်း ၂ ခုမှာလည်း အာဏာရှင်ဆန်သော ထိန်းချုပ်မှုများက ပြောစမှတ်ဖြစ်ခဲ့ရသည်။
ရာဇပက်ဆာ မိသားစု၏ နိုင်ငံရေးမျိုးဆက်တခု တည်ဆောင်ရန် အားထုတ်မှုသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ရွေး ကောက်ပွဲတွင် မဟိန္ဒ ရာဇပက်ဆာ အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်ခဲ့ရသည့် အချိန်၌ ကြားဝင်ဖြတ်တောက်ခံခဲ့ရသည်။
You May Also Like These Stories :
ဒုက္ခသည် နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်ကို မြန်မာ အပြစ်တင်
၂၀၂၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲ ပြဿနာ မဖြစ်စေရန် ဆောင်ရွက်နေဟုဆို