Politics

ပလက်ဝက စစ်ရှောင် ၁ ရာကျော်ကို ဒုသမ္မတ၏ ရွာတွင်နေရာချပေး

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မီဇာကျေးရွာရှိ ဘွမ် (Bawm) မျိုးနွယ်စု ဒေသခံ ၁၁၆ ဦးကို ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ၏ ရွာတွင် နေရာချပေးထားကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန် က ဧရာဝတီသို့ ပြောကြားသည်။

မီဇာကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် အိမ်ထောင်စု ၁၉ စုကို ထန်တလန်မြို့ရှိ ဒုသမ္မတ၏ ဇာတိရွာ သီးကီရ် (Tikir) တွင် အခြေချနေထိုင်နိုင်ရန် အစိုးရ၏ အစီအစဉ်ဖြင့် ပြောင်းရွေ့ပေးခြင်း ဖြစ်သည်ဟု သိရသည်။

မီဇာကျေးရွာ အနီးတွင် လွန်ခဲ့သည့် ၁ နှစ်ဝန်းကျင်ခန့်က ရက္ခိုင့်တပ်မတော် (AA)နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများကြောင့် ဘွမ် (Bawm) မျိုးနွယ်စုများမှာ နေရေးထိုင်ရေးနှင့် စားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေခဲ့ရသည်။

ဝန်ကြီး ပေါင်လွန်မင်းထန် က “ပလက်ဝဘက်မှာ မငြိမ်းချမ်းတဲ့အတွက် သူတို့ ဆက်မနေချင်တော့ဘူးဆိုလို့ သူတို့ နေထိုင်ဖို့အပြင် စီးပွားရေးလုပ်ဖို့ပါ အစိုးရက ပြင်ဆင်ပေးပါတယ်။ ဘွမ်တွေက ထန်တလန်က lian မျိုးနွယ်စုတွေနဲ့ စကားတူတဲ့အတွက် အဲဒီရွာကို ရွှေ့ပြောင်းပေးတာပါ။ နောက်ပြီး ဒုသမ္မတ ၂ ကလည်း သူတို့ကို သူ့ရွာမှာနေရင် အဆင်ပြေမယ် ဆိုတာကြောင့်ပါ” ဟု ပြောသည်။

ထန်တလန်သို့ ရောက်ရှိလာသည့် ၎င်းစစ်ရှောင်များကို ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချူပ် ဦးဆလိုင်းလျန် လွယ် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက နိုဝင်ဘာလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံ အားပေးစကား ပြောကာ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း ဝန်ကြီးက ဆက်ပြောသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ နှင့် မီဇာကျေးရွာမှ ပြောင်းရွှေ့လာသည့် စစ်ဘေးရှောင်များတွေ့ဆုံစဉ်/Cho Thu/Facebook

စစ်ရှောင်များ နေထိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရက သီးကီရ်ရွာတွင် ရေ၊ မီးပါသည့် တန်ဖိုးနည်း အိမ်ရာ များ ဆောက်လုပ်ပေးထားပြီး ၎င်းတို့ လုပ်ကိုင်စားသောက်နိုင်ရန် အတွက်လည်း ကုန်းမြင့်လယ်ယာ ဧက ၃၅၀ ဖော်ထုတ်ပေးထားသည်ဟု သိရသည်။
ပလက်ဝမြို့နယ်တွင် ကျန်ခဲ့သည့် စစ်ရှောင် ၂ ထောင်ကျော်သည် ထန်တလန်ဘက်သို့ ရွှေ့ပြောင်းချင်ကြ သော်လည်း ဘာသာစကား ကွဲပြားမှုနှင့် ဆွေမျိုး အသိမိတ်ဆွေ မရှိသည့်အတွက် ပြောင်းလာနိုင်ခြင်း မရှိသေး ကြောင်း ထန်တလန်မြို့ရှိ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက ရှင်းပြသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း AA အဖွဲ့ဝင်များသည် ချင်းပြည်နယ် ပလက်ဝမြို့မှ ကျောက်တော် မြို့သို့ စပိဘုတ်၂ စီးဖြင့် လာရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅ ဦးနှင့် ချင်းတိုင်းရင်းသား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးခဲ့ပြီး နောက်တနေ့ မနက်ပိုင်း၌ အိန္ဒိယနိုင်ငံသား ၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကိုမူ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါ ပြန်လွှတ်ပေးခဲ့သူ ၉ ဦးထဲမှ အိန္ဒိယ နိုင်ငံသား တဦးမှာ ၎င်း၏ နဂိုရောဂါ အခံကြောင့် လမ်းတွင် သေဆုံးခဲ့သည်ဟုလည်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်-

ဦးဝှေ့တင်း လွှတ်ပေးရန် အဆို ပြည်ထောင်စုလွှတ်တော် ဆွေးနွေးမည်

NLD ရဲ့ ရခိုင်အရေးအပေါ် နုတ်ဆိတ်မှု ဝေဖန်ခံလာရ

Did you find apk for android? You can find new Free Android Games and apps.
Loading