• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

မြန်မာသမ္မတရဲ့ အိန္ဒိယခရီးစဉ်မှာ နှစ်ဖက် ဘာတွေ သဘောတူညီခဲ့သလဲ

by ဇင်လင်းထက်
28 February 2020
in Politics
A A
သမ္မတ ဦးဝင်းမြင်နှင့် ဇနီး၊ အိန္ဒိယ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်၊ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီတို့ တွေ့ဆုံစဉ်  / Myanmar President Office

သမ္မတ ဦးဝင်းမြင်နှင့် ဇနီး၊ အိန္ဒိယ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်၊ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီတို့ တွေ့ဆုံစဉ် / Myanmar President Office

6.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယသမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၆ ရက်ကတည်းက ရောက်ရှိနေရာ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီနှင့် သီးသန့်တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့သည်။

ဤခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ (MoU) ငါးခု၊ စီမံကိန်း သဘောတူညီချက် လေးခုနှင့် သဘောတူညီချက်တစ်ခု စုစုပေါင်း သဘောတူညီမှု ၁၀ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
106
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.1k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
103

၎င်းတို့မှာ

၁။ ဆွေးနွေးရန်ကျန်ရှိနေသည့် နယ်နိမိတ်ကိစ္စရပ်များကို နှစ်နိုင်ငံအကြား ထူထောင်ထားသည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးယန္တရား မှတစ်ဆင့် ဖြေရှင်းသွားရန်

၂။ အိန္ဒိယဘက်မှ မြန်မာနိုင်ငံ၊ တမူးမြို့တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် တည်ဆောက်ရေး စီမံကိန်း ဆောလျင်စွာ စတင်နိုင်ရန်

၃။ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းဆဲ နှစ်နိုင်ငံအကြား မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ သဘောတူ စာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးမှုများကို ဆောလျင်စွာအပြီးသတ်သွားရန်

၄။ နှစ်ဖက်စလုံးက နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေး ၂၀၁၂ ခုနှစ်က နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာနှင့်အညီ ဦးစားပေးစီမံကိန်းတစ်ခုကို စတင်ဆောင်ရွက်သွားရန်

သမ္မတဦးဝင်းမြင့်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီတို့ တွေ့ဆုံစဉ်(Myanmar President

၅။ ကုလားတန် စီမံကိန်း၏ နောက်ဆုံးအပိုင်းဖြစ်သည့် ပလက်ဝ-ဇိုရမ်ပူလမ်းဖောက်လုပ်မှုအား ဆောလျင်စွာ ပြီးစီးရေးအတွက် ကတိပြု

၆။ မြန်မာ သတင်းအချက်အလက် နည်းပညာသိပ္ပံနှင့် စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဆိုင်ရာ အဆင့်မြင့်ဗဟိုဌာန အစရှိသော အရေးကြီးသည့်စီမံကိန်းများအား စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် ရေရှည်ပူးတွဲဆောင်ရွက်ရန်

၇။ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်၏ ဒုတိယအဆင့်အနေဖြင့် စီမံကိန်း (၁၂) ခုအား အကောင်အထည် ဖော် နေမှုနှင့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးယန္တရား၏ အစိတ်အပိုင်း ဖြစ်သည့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိစေမည့် စီမံကိန်းများ (High Impact Community Development Projects) နှင့် ဆောလျင်စွာ အကျိုးရှိစေမည့်စီမံကိန်းများ (Quick Impact Projects)၏ မူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်နေမှုတို့ကို အရှိန်အဟုန်မြှင့်တင်ရန်

၈။ အိန္ဒိယနိုင်ငံ အမျိုးသားငွေပေးချေရေးဆိုင်ရာ ကော်ပိုရေးရှင်းအနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်းကို အသိအမှတ်ပြုလျက် မြန်မာနိုင်ငံ၌ ရူပေးကတ်များ(Rupay Card) ဆောလျင်စွာ စတင်အသုံးပြုနိုင်ရေးအတွက် အတူတကွ ပူးတွဲဆောင်ရွက်သွားကြရန်

၉။ နှစ်နိုင်ငံ နယ်စပ်ဒေသများရှိ ငွေလွှဲငွေပို့သည့်လုပ်ငန်းများ တိုးတက်ရန်အတွက် အထောက်အကူဖြစ်စေမည့် မြန်မာ-အိန္ဒိယ ဒစ်ဂျစ်တယ်ငွေပေးချေရေး လမ်းကြောင်းကို ဖန်တီးနိုင်ရေးအတွက် နည်းလမ်းရှာဖွေကြရန်

သမ္မတ ဦးဝင်းမြင့်အား အိန္ဒိယ ဂုဏ်ပြုတပ်ဖွဲ့မှ ကြိုဆိုစဉ် (Myanmar President Office)

၁၀။ အစိုးရချင်း နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးပြီး ရေနံသန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ လက်လီ ရောင်းချခြင်းစသည်တို့အတွက် ရေနံထွက်ပစ္စည်းများ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားကြရန်

၁၁။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် အတွက် အားပေးပံ့ပိုးသွားရန်

၁၂။ အိန္ဒိယအစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စီးပွားရေးလုပ်ငန်းကြီးများ၏ မြန်မာနိုင်ငံအတွင်း စီမံကိန်းများမှ ထုတ်လုပ်ရရှိသော ရေနံထွက် ပစ္စည်းများကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချရန် အခွင့်အလမ်းများအား ကြိုးပမ်းရှာဖွေ ဖော်ထုတ်သွားရန်

သမ္မတဦးဝင်းမြင့်နှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာ တို့တွေ့ဆုံစဉ် (Myanmar President Office)

၁၃။ နှစ်ဖက်ခေါင်းဆောင်များသည် တခြားတစ်နိုင်ငံကို ရန်လိုတိုက်ခိုက်သည့် မည်သည့်ဆန့်ကျင်ဖက် အဖွဲ့အစည်းကိုမှ မိမိတို့၏နယ်မြေကို အသုံးချခွင့် မပြုကြောင်း ထပ်လောင်း ကတိပြုခဲ့

၁၄။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့

၁၅။ အမျိုးသားသုတေသနနှင့် ပညာရေးဆိုင်ရာကွန်ရက် (National Knowledge Network–NKN)ကို မြန်မာနိုင်ငံ၏ တက္ကသိုလ်များအတွက် တိုးချဲ့ပေးသွားရန်

၁၆။ အကြမ်းဖက်မှု၏အန္တရာယ်ကို နှစ်ဖက်စလုံးက အသိအမှတ်ပြုလျက် အကြမ်းဖက် အဖွဲ့များနှင့် ၎င်းတို့၏လုပ်ရပ်များကို တန်ပြန်တားဆီးသွားရေးအတွက် ပူးပေါင်းဆောင်ရွက် သွားကြရန်

၁၇။ ကုလသမဂ္ဂနှင့် အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့သော နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန်

နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးစဉ် (Myanmar President Office)

၁၈။ အာဆီယံ၊ ဘင်းမ်စတက်၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစရှိသည့် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်များအတွင်း လက်တွဲဆောင်ရွက်သွားကြရန်

၁၉။ နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးသည့်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် အဆင့်တိုင်းတွင် ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်သွားရန်

You may also like these stories:

မန္တလေး-မဏိပူ အင်ဖာ တိုက်ရိုက်ဘတ်စ်ကားခရီးစဉ် ပြေးဆွဲရန် စီစဉ်

အိန္ဒိယ၏ ပဲအဝယ် မတည်ငြိမ်မှု မြန်မာ စိုးရိမ်

နယူးဒေလီရဲ့ အဓိက နိုင်ငံခြားရေး မူဝါဒ အခန်းကဏ္ဍတခုမှာ မြန်မာပါတယ်

Your Thoughts …
Tags: မြန်မာဝန်ကြီးချုပ် နရိန္ဒြာမိုဒီသမ္မတ ဦးဝင်းမြင့်အိန္ဒိယ
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.1k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.6k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.4k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.6k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

Next Post
ပန်းတောင်မြို့နယ် ကြာအင်းရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ တည်ဆောက်မှု အခြေအနေကို ၂၀၁၉ ခုနှ် ဇူလိုင်လက တွေ့ရစဉ် / ကောင်းမြတ်မင်း / ဧရာဝတီ

တင်ဒါလျှောက်သူ မရှိ၍ ပဲခူးတိုင်း၌ စာသင်ကျောင်း ၅၀ ကျော် မဆောက်နိုင်သေး

ပြန်လည်အသက်ဝင်လာတဲ့ မူဆယ်ဖရဲသခွားစျေးကွက် (ရုပ်/သံ)

ပြန်လည်အသက်ဝင်လာတဲ့ မူဆယ်ဖရဲသခွားစျေးကွက် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate