လက်ရှိ တောင်ကိုရီးယားမှာ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန်က နျူကလီး ယား လက်နက်တွေကို တင်ဆောင်ကာ ခရီးဝေးပျံသန်းနိုင်တဲ့ B-2 အမျိုးအစား မဟာဗျူဟာ စတြဲလ် ဗုံးကြဲလေယာဉ်တွေကို ဖြန့်ချ ထားကြောင်း AFP သတင်းကဆိုပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့ တဲ့ ကိုရီးယားကျွန်းဆွယ်တင်းမာမှုတွေကြောင့် ယုံကြည်စိတ်ချရတဲ့ စွမ်းရည်ပြည့် လေကြောင်း အထောက်အကူပြုဖို့လိုအပ်တယ်လို့ အင်ဒို – အာရှ- ပစ္စဖိတ်ဒေသ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရော်ဘင်ဆင်က ပြောဆိုလိုက်ပြိး B-2 ဗုံးကြဲလေယာဉ်တွေကို ဘယ်နေရာတွေမှာ ချထားတယ်ဆိုတာကိုတော့ ပြောဆိုခြင်းမပြုပါဘူး။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မတ်လ ၇ ရက်မှ ဧပြီလအထိ စစ်သည်အင်အား ၃သိန်း ၂သောင်းနီးပါးနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တောင်ကိုရီးယား နိုင်ငံမှာ ပြုလုပ်နေတာဖြစ်ပါတယ်။
အဲဒီအတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကလည်း တာတိုပစ် ဒုံးပျံများကို ပစ်လွှတ်ကာ အင်အားပြခဲ့ပါတယ်။
လက်ရှိ အရှေ့အာရှမှာ ကိုရီးယား ကျွန်းဆွယ်နဲ့ တောင်တရုပ်ပင်လယ် တင်းမာမှုတွေကြောင့် စစ်ရေးပြင်ဆင်မှုတွေ ပိုမိုများပြား လာနေပါတယ်။