သတင်းတို

မြောက်ကိုရီးယား ရေငုပ်သင်္ဘော ပျောက်ဆုံးနေ

This article has been converted from Zawgyi One to Unicode

မြောက်ကိုရီးယား ရေငုပ်သင်္ဘော ပျောက်ဆုံးနေ

မြောက်ကိုရီးယားရေငုပ်သင်္ဘောတစီး အရှေ့ဖက်ကမ်းရိုးတန်းမှာ ပျောက်ဆုံးနေသည့်အတွက် ရေတပ်မှ ရှာဖွေနေကြောင်း အမေရိကန် ဂြိုလ်တု၊ လေယာဉ်နှင့် သင်္ဘောများ၏ ထောက်လှမ်းရရှိ ချက်ကို ကိုးကား၍ CNN သတင်းမှာ ဖော်ပြထားပါတယ်။ ရေငုပ်သင်္ဘော အမျိုးအစားကို မသိရသော် လည်း ရက်အနည်းငယ်ကတည်းက ပျောက်ဆုံးနေတာဖြစ်တယ်လို့ အမေရိကန်ဘက်ဆိုပါတယ်။

အမေရိကန်ဘက် မြောက်ကိုရီးယား ရေငုပ်သင်္ဘော ဘယ်နေရာတွေကိုသွားတယ်ဆိုတာ အသေးစိတ် ထုတ်ပြန်ခြင်းမရှိပေမယ့် မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်လို့ ခေါ်တဲ့ အရှေ့ပင်လယ်မှာ လှုပ်ရှားဖို့ အတွက် အခြေစိုက်စခန်းကြီး ၂ခုဖွင့်ထားပြီး၊ ကမ်းရိုးတန်းသွားနဲ့ အသေးစား ရေငုပ်သင်္ဘောတွေ အတွက်တော့ ထောက်ပံရေးစခန်း ၃ခု ဖွင့်လှစ်ထားတယ်လို့သိရပါတယ်

မြောက်ကိုရီးယားရေတပ်မှာ အရွယ်အစားကွဲပြားတဲ့ ရေငုပ်သင်္ဘော ၇၀ခန့်ပြီး ပြုပြင်ထိန်းသိမ်းဖို့ အခက်အခဲရှိတယ်လို့ သိရပါတယ်။

Loading