စပိန်နိုင်ငံ မက်ဒရစ်မြို့နေ ပန်းချီစုဆောင်းသူတဦး ပိုင်ဆိုင်တဲ့အိုင်ရစ်လူမျိုး ပန်းချီဆရာ ဖရန်စစ်ဘေကွန်ရဲ့လက်ရာ ပန်းချီကား ၅ကား ခိုးယူခံရကြောင်း စပိန်သတင်းစာ El Pais တွင် ဖော်ပြထားပါတယ်။
အမေရိကန်ဒေါ်လာ ၃၃သန်း တန်ဘိုးရှိ အဆိုပါ ပန်းချီကား ၅ကားမှာ ဖရန်စစ်ဘေကွန်၏ သူငယ်ချင်းဖြစ်သူ ပိုင်ဆိုင်ပြီး၊ မနှစ်ဇွန်လကတည်းက ခိုးယူခံရခြင်းဖြစ်သော်လည်း လျှို့ဝှက်ထားခြင်းဖြစ် ကြောင်းသိရပါတယ်၊ ပန်းချီကားခိုးယူသူတွေက ပိုင်ရှင်အဝေးသွားနေစဉ်မှာ အချက်ပေးစနစ် ကိုပိတ်ကာ ခိုးယူခြင်းဖြစ်ပါတယ်။
ဖရန်စစ်ဘေကွန်ဟာ ၁၉၉၂ခုနှစ်မှာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကွယ်လွန်သွားခြင်းဖြစ်ပြီး သူ့ရဲ့ “Three Studies of Lucian Freud” အမည်ရ ပန်းချီကားကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဒေါ်လာ ၁၄၂ ဒသမ ၄ သန်းဖြင့် ရောင်းချထားခဲ့ပါတယ်။