ရခိုင်ပြည်နယ် မြေပုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ANP မှ မင်းပြားမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်၏ အယူခံကို မြောက်ဦးမြို့နယ် ခရိုင်တရားရုံးက လက်ခံပြီး အပြစ်မှုမရှိဟု ဆုံးဖြတ်ကာ ဦးလှအောင်ညွှန့်ကို တရားသေပြန် လွှတ်ပေးခဲ့ကြောင်း ANP ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်က ဧရာဝတီသို့ပြောသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဦးလှအောင်ညွန့်ကို မြေပုံမြို့နယ်တရားရုံးက ပိုင်နက်ကျူး လွန်မှု၊ ခြိမ်းခြောက်မှုပုဒ်မများဖြစ်သည့် ပုဒ်မ-၄၅၁၊ ပုဒ်မ-၅၀၆ တို့ဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အမှုမှ တရားသေ လွတ်မြောက်လာသည့် ဦးလှအောင်ညွန့်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တာဝန်များကို ပြန်လည်ထမ်းဆောင်သွားတော့မည် ဖြစ်ကြောင်းလည်း ဒေါ်အေးနုစိန်က ပြောသည်။