သတင်းတို

ပင်လယ်ရပ်ခြားရေတပ်စခန်းများတိုးချဲ့ဖွင့်ဖို့ တရုတ်စဉ်စားနေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပင်လယ်ရပ်ခြားရေတပ်စခန်းများတိုးချဲ့ဖွင့်ဖို့ တရုတ်စဉ်စားနေ

တရုတ်နိုင်ငံအနေနဲ့ ပင်လယ်ရပ်ခြား စစ်စခန်းများ ဖွင့်လှစ်တိုးချဲ့နိုင်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ကွန်မြူနစ်ပါတီရဲ့ နှစ်ပတ်လည်ညီလာခံ သတင်းစာရှင်းလင်းပွဲမှာ အရိပ်အမြွက်ပြောဆိုလိုက်  ကြောင်း  Reuters သတင်းကဆိုပါတယ်။

အာဖရိကတိုက်က ဂျီဘူတီနိုင်ငံ အိုဘော့ခ်မြို့မှာ တရုတ်က ပင်လယ်ရပ်ခြား စစ်စခန်းအဖြစ် တည်ဆောက်ပြီး တဲ့နောက်မှာ တခြားနိုင်ငံတွေမှာ နောက်ထပ် စစ်စခန်းဖွင့်ဖို့ တရုတ်က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်အနေနဲ့ နောက်ထပ်ပင်လယ်ရပ်ခြားစစ်စခန်းတွေဖွင့်ဖို့ လိုလားနေပြီး၊ ဖွင့်ခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ အခြေခံအဆောက် အအုံ လိုအပ်ချက်တွေကိုလည်း ထောက်ပံပေးသွားမှာဖြစ်တယ်၊ ဒါဟာ တရားမျှတပြီး လက်တွေ့ကျတဲ့ နိုင်ငံတကာသဘောတူညီချက်လည်းဖြစ်တယ်လို့ သူယုံကြည်တယ်လို့  ပြောဆိုသွားတာဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်ကတော့ ဂျီဘူတီက အိုဘော့ခ်စခန်းကို ရေတပ်စခန်းလို့ ဆိုတာထက် ပင်လယ်ဓားမြ စောင့်ကြည့် နှိမ်နင်းရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးထောက်ပံရေးစခန်းအဖြစ်သာ ပုံဖော်သုံးနှုန်းပေမယ့် အဲဒီ အခြေစိုက်စခန်းဟာ အေဒင်ပင်လယ်နဲ့ အာရေဗျ ပင်လယ်အကြားက မဟာဗျူအချက်အချာကျတဲ့နေရာဖြစ်ပါတယ်။

ဂျီဘူတီ သမ္မတ အစ္စမေးလ် အိုမာကလည်း တရုတ်ရဲ့ အကူအညီနဲ့ ပတ်သက်လို့ ၂၀၁၅ခုနှစ်မေလမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ၆လ အကြာမှ ပီကင်းကလည်း အဲဒီအစီအစဉ်က မှန်ကန်ကြောင်းပြော ဆိုပါတယ်။

The Diplomat မဂ္ဂဇင်းကတော့ အိန္ဒိယသမုဒ္ဒရာ အတွင်းမှာ တရုတ်ရဲ့မဟာမိတ်နိုင်ငံတွေ အများ အပြားရှိရာ ဒီနိုင်ငံတွေထဲမှာတေ့ ဂျီဘူတီဟာ ပထမဆုံး အခြေစိုက်စခန်းဖြစ်လာကြောင်း ရေးသားခဲ့သလို တရုတ်ရေတပ်စခန်း တိုးချဲ့လာနိုင်တဲ့ နိုင်ငံတွေကတော့ ပါကစ္စတန်၊ မြန်မာ၊ သီရိလင်္ကာ၊ မော်လဒိုက် နဲ့ ဆေးရှဲလ်ကျွန်းတို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ လူလုပ်ကျွန်းတွေပြုလုပ်ပြီး စစ်ေရေးအရ တိုးချဲ့ထားပါတယ်။ စစ်အစိုးရလက်ထက် မြန်မာနိုင်ငံက ကိုးကိုးကျွန်းမှာ တရုတ်ရေတပ်က အဆောက်အဦးတွေ လာရောက်ဆောက်လုပ်နေပြီး တရုတ်ရေဒါတွေ ချထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲပါသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading