သတင်းတို
ဦးထင်ကျော်ကို အိန္ဒိယဝန်ကြီးချုပ် နှုတ်ခွန်းဆက်
This article has been converted from Zawgyi One to Unicode

မတ်လ ၁၅ ရက် နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်တင်မြှောက်လိုက်သော မြန်မာသမ္မတ ဦးထင်ကျော်ကို အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒြာမိုးဒီက ကြိုဆိုနှုတ်ခွန်းဆက်လိုက်ကြောင်း သိရသည်။ အိန္ဒိယမှ လာသော သတင်းများအရ အိန္ဒိယဝန်ကြီးချုပ်က “ကွန်ဂရက်ကျူလေးရှင်း မြန်မာ သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဦးထင်ကျော်၊ အကောင်းဆုံး ဆုတောင်းပေးပါတယ်။ အိန္ဒိယ-မြန်မာ ဆက်ဆံရေး ပိုခိုင်မာလာအောင် အတူလုပ်ကြမယ်”ဟု ၎င်းကိုယ်ပိုင် တွစ်တာအကောင့်တွင် ရေးခဲ့ကြောင်း သိရသည်။