သတင်းတို
မြန်မာ့ဒီမိုကရေစီ သမ္မတကြောင့် ဂုဏ်ယူကြောင်း ဗြိတိသျှဝန်ကြီးချုပ်က ဆို
This article has been converted from Zawgyi One to Unicode

မတ်လ ၁၅ ရက် နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်တင်မြှောက်လိုက်သော မြန်မာသမ္မတ ဦးထင်ကျော်ကို ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကြိုဆိုနှုတ်ခွန်းဆက်လိုက်ကြောင် း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ်က ” နှစ်ပေါင်း ၅၀ ကျော်မှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတကို ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်နိုင်ခဲ့တဲ့ မြန်မာပြည်သူများအတွက် ဂုဏ်ယူပါတယ်။ ဦးထင်ကျော်နဲ့ လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” ဟု ဆိုရှယ်မီဒီယာ တွစ်တာစာမျက်နှာမှာ ရေးသားထားသည်။