သတင်းတို

ဒုံးပျံပစ်လွှတ်မှု ထပ်မံပြုလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေး

This article has been converted from Zawgyi One to Unicode

ဒုံးပျံပစ်လွှတ်မှု ထပ်မံပြုလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေး

မြောက်ကိုရီးယားအနေနဲ့ လာမည့်ရက်များအတွင်းမှာ နျူကလီးယားထိပ်ဖူးတပ်ကာ ဒုံးပျံ စမ်းသပ်မှုတခု အချိန်တိုအတွင်း ပြုလုပ်ဖို့ စီစဉ် နေတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ကြေညာလိုက်ပါတယ်၊ ဒီစမ်းသပ်မှုဟာ ဒုံးပျံတွေ အနေနဲ့ နျူကလီးယား ထိပ်ဖူးတွေကို တင်ဆောင်ပြီး ပစ်ခတ်နိုင်မှု စွမ်းရည်ကို စမ်းသပ်တာဖြစ်တယ်လို့ မြောက်ကိုရီးယား သတင်းဌာန KNCA ကဖော်ပြပါတယ်။ ပဲထိန်းဒုံးကျည်တစင်းကို အာကာသထဲ အောင်မြင်စွာ ပစ်လွှတ်မှုကို ခေါင်းဆောင်ကင်ဂျုံအန်းက ကြီးကြပ်ခဲ့ပြီးနောက်မှာ ထပ်မံစမ်းသပ်ဖို့ လုပ်နေတာဖြစ်ပါတယ်။ပြုံးယမ်းအနေနဲ့ နျူကလီးယားနဲ့ ဒုံးပျံစမ်းသပ်မှုကို တိုင်းပြည်ရဲ့ ကာကွယ်ရေးအတွက်ကြိုတင်စီမံမှု ပြုလုပ်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား အနေနဲ့ ကုလသမဂ္ဂ ရဲ့ပိတ်ဆို့ အရေးယူမှုအပြီးမှာ ဒုံးပျံများပစ်လွှတ်ကာ တုံ့ပြန်လိုက်သလို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့လည်း တန်ပြန်မှုတွေ ပြုလုပ်နေပါတယ်။

Loading