အာဂျင်တီးနားရေပိုင်နက်မှာ ငါးခိုးဖမ်းနေတဲ့ တရုတ်ငါးဖမ်းသင်္ဘော တစီးကို ကမ်းခြေစောင့်တပ်ဖွဲ့က နှစ်မြုပ်ပစ်လိုက်ကြောင်း အာဂျင်တီးနားရေတပ်ကြေညာချက်ကို ကိုးကားပြီး AFPသတင်းက ဆိုပါတယ်။ လျူယန်ယွမ် လို့ အမည်ပေးထားတဲ့ တရုတ်ငါးဖမ်းသင်္ဘောကို ဗျူနိုအေးရီစ်မြို့တောင်ဖက် ၉၀၇မိုင် အကွာက ကမ်းရိုးတန်းမှာ ခြေရာခံမိတာဖြစ်ပြီး၊ သတိပေးချက်ကို အလေးမထားပဲ အာဂျင်တီးနားရေတပ်သင်္ဘောကို တိုက်ပြီး နိုင်ငံတကာရေပြင်ပိုင်နက်ကို ထွက်ပြေးဖို့ လုပ်ခဲ့တဲ့အတွက် တရုတ်ငါးဖမ်းသင်္ဘောကို ပစ်ခတ်နှစ်မြုပ် လိုက်ကြောင်း ဖော်ပြထားပါတယ်။
တရုတ်သင်္ဘောသား ၄ဦးကိုတော့ ကယ်ဆယ်ပြီး ဖမ်းဆီးခဲ့ပါတယ်။
တရုတ်အစိုးရကတော့ အဲဒီကိစ္စနဲ့ ပတ်က်သက်ပြီး စိုးရိမ်မကင်းဖြစ်မိကြောင်း စုံစမ်းစစ်ဆေးဖို့ ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၅နှစ်ကလည်း အာဂျင်တီးနားရေပိုင်နက်ကို ဝင်ရောက်ငါးဖမ်းနေတဲ့ နိုင်ငံခြားသင်္ဘောတစီးကို ရေတပ်က နှစ်မြုပ်လိုက်ဖူးပါတယ်။