ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသူ ချမ်းမြ အပါအဝင် နှစ်ဦးကို ကျောက်တော်မြို့နယ် တရားရုံး က တဦးလျှင် ထောင်ဒဏ် ၃ နှစ် ယနေ့(မတ်လ ၁၆) ချမှတ်လိုက်ကြောင်း ရှေ့နေဦးထွန်းလှက ဧရာဝတီသို့ပြောသည်။
ထို့နည်းတူ ပုဒ်မ-၁၇(၁)ဖြင့် တရားစွဲဆိုထားသူ ဦးထွန်းစိုးကိုလည်း ယနေ့ မတ်လ ၁၆ ရက် တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်း ၌ ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်သွယ်သည်ဟုဆိုကာ အစိုးရ က ဖမ်းဆီးပြီး တရားစွဲဆိုခံထားရသူ ၆၀ ဦးခန့်ရှိပြီး ကျောက်တော်တရားရုံးတခုတည်း၌ အမှုရင်ဆိုင်နေရသူ ၃၅ ဦးရှိကြောင်း၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ပတ်သက်မှုရှိသည်ဟု သံသယရှိသူများကို ရခိုင်ပြည်နယ်အခြေစိုက် တပ်မတော် တပ်ရင်းတခုမှလည်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အဆိုပါအမှုများ ကို ကူညီဆောင်ရွက်ပေးနေသည့် အမည်မဖော်လိုသူ တဦးက ဧရာဝတီသို့ အတည်ပြုပြောသည်။