ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ပါရီတိုက်ခိုက်မှုနဲ့ ဆက်စပ်သူတွေလို့ ယူဆရသူများ နေထိုင်ရာ တိုက်ခန်းကို ဘယ်လ်ဂျီယံ- ပြင်သစ်အကြမ်းတိုက်ဖျက်ရေးတပ်ဖွဲ့ဝင်တွေက မနေ့က ဝင်ရောက်စီးနင်းရာ သေနတ်နဲ့ ပြန်လည် ပစ်ခတ်တဲ့အတွက် အမျိုးသမီးတဦးအပါအဝင် ရဲအရာရှိ ၄ဦးဒဏ်ရာရခဲ့ပါတယ်။
အကြမ်းဖက်သမားတဦးကိုလည်း AK- 47 ရိုင်ဖယ်တလက်နှင့်အတူ အသေမိခဲ့ပါတယ်။
ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးချုပ် ပြောရေးဆိုခွင့်ရှိသူက “လုံခြုံရေးတပ်ဖွဲ့တွေက တခါးကိုဖွင့်လိုက်တဲ့ အချိန်မှာ သေနတ်နဲ့စပစ်တာ”လို့ဆိုပါတယ်။
အကြမ်းဖက်သမားနဲ့ ဆက်နွယ်တယ်လို့ ယူဆရသူတချို့ကတော့ အိမ်ခေါင်မိုးတွေပေါ်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။