
ထိုင်းရဲအရာရှိတဦးကို သတ်ဖြတ်ကာ မြန်မာပြည်ဘက်ခြမ်းကိုထွက်ပြေးသွားတဲ့ မယ်လဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသား ၄ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC)ကို အကူအညီနဲ့ ထိုင်းရဲတပ်ဖွဲ့က ယနေ့နံနက်စောစောက ဖမ်းဆီးခဲ့တယ်လို့ Bangkok Post သတင်းတွင် ဖော်ပြထားပါတယ်။
သူတို့ ၄ဦးဟာ အသက်အားဖြင့် ၁၈နှစ်မှ ၂၄နှစ် အတွင်းသာရှိပြီး ၃ဦးမှာ ညီအကိုဖြစ်ကြောင်း၊ သူတို့ဟာ တပ်ခရိုင် ထပ်ဆောင်ရန်းနယ်မြေမှာ တာဝန်ကျနေတဲ့ ထိုင်းရဲအရာရှိ Paithoon Sapeng ကို သတ်ဖြတ်မှုဖြင့် အမှုရင်ဆိုင်ရမှာဖြစ်ကြောင်း ဖော်ပြထားပါ တယ်။
ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးချက်အရ အဆိုပါ ဒုက္ခသည် ၄ဦးဟာ မြန်မာဘက်ခြမ်းကနေ ဆိတ်တွေကို ဝယ်လာကြောင်း၊ စခန်းကိုပြန်လာတဲ့အခါ လမ်းမှာ ရဲအရာရှိနဲ့ တိုးပြီး ဖမ်းဆီးဖို့ ကြိုးစားရာက လူသတ် မှုဖြစ်ပွား တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရဲအရာရှိကို သတ်ဖြတ်ပြီးနောက် နယ်စပ်ဖြတ်ကာ ထွက် ပြေးတဲ့ အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC)ကို အကူအညီတောင်းကာ ဖမ်းရတာဖြစ်တယ်လို့ သိရပါတယ်။
အသတ်ခံရတဲ့ရဲအရာရှိ Paithoon Sapeng ရဲ့ အလောင်းကို အင်္ဂါနေ့က မယ်လစခန်းနားမှာတွေ့ရပြီး၊ ကျောဘက်မှာ ချွန်ထက် အရာနဲ့ ထိုးထားတဲ့ ဒဏ်ရာ ၆ချက်တွေ့ရသလို လည်ပင်းမှာလည်း ပြတ်ရှနေတယ်လို့ သိရပါတယ်။ လမ်းပေါ်မှာတော့ သွေးကွက်တွေနဲ့ ဓားတလက်ကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဆိတ် ၁၀ကောင်ကျော်ကို တင်ထားတဲ့ ကုန်တင်မော်တော်ဆိုင်ကယ်တစီးကိုလည်း အခင်းဖြစ်ပွားရာမှာတွေ့ရတယ်လို့ Bangkok Post ကဆိုပါတယ်။