မြန်မာသမ္မတသစ် ဦးထင်ကျော်အား အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက မနေ့က ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောဆိုလိုက်ပါတယ်။
“မြန်မာသမ္မတသစ် ဦးထင်ကျော်ကို အင်ဒိုနီးရှား အစိုးရကိုယ်စား ဂုဏ်ပြုပါတယ်၊ အစိုးရသစ်နဲ့အတူ အင်ဒိုနီးရှားနဲ့ မြန်မာအကြားမှာ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ဒီမိုကရေစီအရေးတွေမှာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါ တယ်” လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးထံမှ ပေးပို့တဲ့ သဝဏ်လွှာမှာလည်း အင်ဒိုနီးရှားဟာ မြန်မာရဲ့ ပြုပြင်ပြောင်းလဲရေး နဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တွေမှာ ထောက်ခံ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆက်လက်လည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။