သတင်းတို

အရပ်သား မြန်မာသမ္မတသစ်အား တရုတ်နိုင်ငံက ဂုဏ်ပြုပြောဆို

This article has been converted from Zawgyi One to Unicode

အရပ်သား မြန်မာသမ္မတသစ်အား တရုတ်နိုင်ငံက ဂုဏ်ပြုပြောဆို

မြန်မာနိုင်ငံ၌ အရပ်သားသမ္မတသစ် ဦးထင်ကျော် ရွေးချယ်ခံရမှုနှင့် ပတ်သက်၍ အိမ်နီးချင်းတရုတ်နိုင်ငံက ဝမ်းမြောက်ကြောင်း ပြောဆိုလိုက်ပြီး၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ လျှူခန်းက နှစ်နိုင်ငံ အနေနဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် လူမှုစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ပြီး ပိုမိုအားကောင်းအောင် လုပ်သင့်တယ်လို့ ပြောဆိုကြောင်း တရုတ် CCTV သတင်းမှာ ဖော်ပြထားပါတယ်။

“မြန်မာအစိုးရသစ်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ မျှော်လင်ပါတယ်၊ တရုတ်နိုင်ငံ အနေနဲ့ကတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးပေါ်လစီကို ဆက်လက်ဆုတ်ကိုင်ထားမှာဖြစ်ပြီး၊ မြန်မာရဲ့ အကျိုးစီးပွားအတွက် တည်ငြိမ်ရေးကို ဆက်လက်ထောက်ခံထိန်းသိမ်းသွားမယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေ့ဆက်နိုင်ဖို့ တွန်းအားသွားမယ်၊ ကျယ်ပြန့်တဲ့ မဟာဗျူဟာကျတဲ့ အကျိုးစီးပွားဖက်အဖြစ် တောင့်တင်းခိုင်မာစွာ ရှိနေမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”ဆိုပါတယ်။

တရုတ်နိုင်ငံက အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို လည်း အစိုးရသစ်လက်ထက်မှာ ပြန်လည်စတင်နိုင်မယ်လို့ မကြာသေးမီက တရုတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရက ပြောဆိုခဲ့ပါသေးတယ်။

Loading