အစိုးရသစ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် NDAA ပါဝင်ရန် ဆန္ဒရှိ
This article has been converted from Zawgyi One to Unicode
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် ဦးဆောင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တက် တက် ကြွကြွပါဝင်ရန် ဆန္ဒရှိသည်ဟု အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် -မိုင်းလားအဖွဲ့ (NDAA)က ပြော ဆိုသည်။“အစိုးရသစ်ကိုယ်တိုင် ပါဝင်ဆွေးနွေးမယ်ဆိုရင် ကျနော်တို့က စဉ်းစားပြီး တက်တက်ကြွကြွ ပါဝင်မယ်။ အစိုးရသစ်က ဘယ်လိုဖွဲ့စည်းမယ် ဘယ်လိုလုပ်မယ် ဆိုတာကိုတော့ အစိုးရသစ် လုပ်ဆောင်ချက်အပေါ် ကျနော်တို့ စောင့်ကြည့်နေပါမယ်” ဟု NDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ဧရာဝတီကို ပြောသည်။
NDAA အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ထိုးမည့်ကိစ္စကို အစိုးရသစ်နှင့် ငြိမ်းချမ်း ရေး ဆွေးနွေးပြီးမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်းနှင့် ယခုရွေးချယ်ထားသည့် သမ္မတဦးထင်ကျော်နှင့် ဒုတိယသမ္မတ နှစ်ဦးကို ဂုဏ်ယူကြိုဆိုပါကြောင်း မတ်လ ၁၆ ရက်စွဲဖြင့် သဝဏ်လွှာများ ပေးပို့ခဲ့သည်။
နန်းဆိုင်နွမ် ပေးပို့သည်။