သတင်းတို

နေပြည်တော်၌အုပ်စုဖွဲ့ လူသတ်၊မုဒိမ်းမှုကျူးလွန်ခဲ့သည့် တရားခံများကို ပြစ်ဒဏ်ချမှတ်ပြီ

This article has been converted from Zawgyi One to Unicode

many-laned-highways

၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Junction Center နောက်ကျော ဘက်တွင် မိန်းကလေးတဦးနှင့် ၎င်း၏ ခင်ပွန်းတို့အား အဓမ္မခေါ်ဆောင်သွားပြီး မိန်းကလေးအား မုဒိမ်းပြု ကျင့်ခြင်း၊ ခင်ပွန်းဖြစ်သူအား ရက်စက်စွာ သတ်ဖြတ်ခြင်းများကျူးလွန်ခဲ့ကြသူများဖြစ်သည့် တရားခံ အောင် တင်မျိုး (ခ) အောင်ပိုင်၊ ကျော်မောင် (ခ) ဇော်ဇော် အောင်နှင့် ဇော်လေး (ခ) ဇော်မျိုးသူတို့အား ဒက္ခိဏခရိုင် တရားရုံးက မတ် ၁၅ ရက်တွင် သေဒဏ်ချမှတ်ခဲ့ပြီး၊ နောက်တရားခံတဦးဖြစ်သည့် အခင်းဖြစ်ပွားစဉ်က အသက် ၁၅ နှစ် မပြည့်သေး သည့် ကလေးသူငယ်တရားခံ မောင်မျိုး (ခ) မျိုးဇော်ဝင်းအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ)အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ် ကျခံရန် ဇမ္ဗူသီရိမြို့နယ် ကလေး သူငယ်တရားရုံးက ယနေ့တွင် စီရင်ချက်ချမှတ်ခဲ့သည်။

ထိုကဲ့သို့ ရာဇဝတ်မှုကျူးလွန်ခဲ့သော ကလေးသူငယ်များအပေါ် သာမန် အားဖြင့် ထောင်ဒဏ်ချမှတ်လေ့မရှိ ခဲ့သော်လည်း ယခုကဲ့သို့ ရက်စက်ကြမ်း ကြုတ်သည့် ပြစ်မှုကို ကျုးလွန်ခဲ့သည့် ကလေးသူငယ်တရားခံကိုမူ ကလေး သူငယ်ဥပဒေပုဒ်မ ၄၆ နှင့်အညီ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း အစိုးရသတင်းက ဖော်ပြသည်။

Loading