၀န်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းမည့် အစီအစဉ် လွှတ်တော်တွင် ကန့်ကွက်ဆွေးနွေးသူ မရှိ
This article has been converted from Zawgyi One to Unicode
နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ထားသည့် ဦးထင်ကျော်က တင်သွင်းထားသည့် ဝန်ကြီးဌာနများ ပေါင်းစပ်ဖွဲ့စည်းထားခြင်းကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ဆွေးနွေးသူမရှိဘဲ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ထောက်ခံဆွေးနွေးခဲ့သည်။ ဦးထင်ကျော်က ယခင်ဝန်ကြီးဌာန ၃၆ ခုရှိသည့်အနက်မှ အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိရန် မတ်လ ၁၇ ရက်က ကျင်းပသည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
တင်သွင်းခဲ့သည့် ဝန်ကြီးဌာနများတွင် တိုင်းရင်းသားရေရားဝန်ကြီးဌာန အသစ်တခုတိုးလာခဲ့ပြီး ဝန်ကြီးဌာနအများစုကို ပူးပေါင်းဖွဲ့စည်းစေခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာနအသစ်များ ဖွဲ့စည်းခြင်းကို ဦးထင်ကျော်မှ မတ်လ ၂၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းမဝေးတွင် ရှင်းလင်းတင်ပြမည်ဖြစ်ပြီး အတည်ပြုရန် လွှတ်တော်ဆုံးဖြတ်မည် ဖြစ်သည်။