အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှု အသစ်ထွက်ပေါ်လာပြီး နောက်တရက်မှာ မြောက်ကိုရီးယားက အရှေ့ဘက် ကမ်းခြေမှနေ၍ မိုင်၅၀၀ အကွာအဝေးအထိ ပစ်လွှတ်နိုင်သည့် ဒုံးပျံတစင်း ကို ပစ္စဖိတ်သမုဒ္ဒရာအတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းကို ကိုးကား၍ တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ဆိုပါတယ်။
ပစ်လွှတ်မှုဟာ ဒီလထဲမှာပဲ မြောက်ကိုရီးယားအပေါ် ကုလ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့မှုထုတ် ပြန်လိုက်ပြီးမှာပဲ မြောက်ကိုရီးယားက အရှေ့ပင်လယ်ထဲကို တာတိုပစ် ဒုံးပျံ ၂စင်းပစ်လွှတ်ပြလိုက်ပါသေးတယ်။
မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု သမ္မတရဲ့ အမိန်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်တာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ တရားမဝင် နျူကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်စမ်းသပ်မှုတွေကို အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ သည်းခံမှာ မဟုတ်ကြောင်း နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို မြောက်ကိုရီးယားက လေးစား လိုက်နာလာတဲ့အထိ ဒဏ်ခတ်အရေးယူမှုတွေ ဆက်လုပ်နေမှာ ဖြစ်ကြောင်းလည်း Josh Earnest က ပြောကြားခဲ့တယ်လို့ VOA သတင်းက ဆိုပါတယ်။