အမေရိကန်သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ကျူးဘား ခရီးစဉ် ယနေ့ စတင်မှာဖြစ်ပါတယ်။ နှစ်ပေါင်း ၉၀ အတွင်း ကျူးဘားကို ပထမဆုံးသွားရောက်မယ့် သမ္မတဖြစ်လာမှာဖြစ်သလို စစ်အေးတိုက်ပွဲလွန်ကာလ အမေရိကန်- ကျူဘားသမိုင်းမှာလည်း အဓိကမှတ်တိုင်တခုဖြစ်လာမှာပါ။ သူတို့နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေးကို ပြီးခဲ့တဲ့နှစ်ကမှ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်အေးတိုက်ပွဲတလျှောက် တတိယကမ္ဘာစစ်ကြီးကို ဦးတည်သွားတဲ့ ကျူးဘား ဒုံပျံအရေးဟာ နာမည်ကြီး ကမ္ဘာ့အရေးတခုဖြစ်ပါတယ်။
ယခုခရီးစဉ် မတိုင်မီမှာပဲ အမေရိကန် သမ္မတ အိုဘားမားနဲ့ ပန်ဖီလို လို့ လူသိများတဲ့ နာမည်ကြိး ကျူးဘား ဟာသသရုပ်ဆောင် တို့ ဖုံးထဲကနေ အပြန်အလှန် စကားပြောထားတဲ့ ဗီဒီယိုလေးကို ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာမှာ တင်ထားပါတယ်။
ဇတ်လမ်းဗီဒီယိုထဲမှာတော့ ကျူးဘားဟာသသရုပ်ဆောင် ပန်ဖီလိုက စပိန်မှာရှိတဲ့ မိုးလေဝသဌာနကို ဖုံးဆက်ပြီး အမေရိကန် ဘတ်စ်ကက်ဘောအသင်း Tampa Bay Raysနဲ့ ကျူးဘားအမျိုးသားအသင်းတို့ ကစားမှာဖြစ်တဲ့အတွက် ရာသီဥတု ဘယ်လိုရှိသလဲမေးရာမှာ ဖုံးမှားပြီး အမေရိကန်သမ္မတအိုဘားမားဆီ ရောက်သွားပုံ၊ အမေရိကန်သမ္မတ အိုဘားမားက သူ့အနေနဲ့ ရှေ့တူရှုူကိုသာကြည့်ကြောင်း၊ အမေရိကန်နဲ့ ကျူးဘားနိုင်ငံသားတွေဟာ သူငယ်ချင်းဖြစ်ကြောင်း ရိုက်ပြထားတဲ့ ဟာသဇတ်လမ်းကို အမေရိကန်ဘက်က ဝါဒဖြန့်ချိတဲ့အနေနဲ့ တင်ထားပါတယ်။