သတင်းတို

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အမေရိကန် သံအမတ်သစ် တက်ရောက်မည်

This article has been converted from Zawgyi One to Unicode

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အမေရိကန် သံအမတ်သစ် တက်ရောက်မည်

မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်မည့် အမေရိကန်နိုင်ငံသံအမတ် အသစ် မစ္စတာ စကော့မာရှယ်သည် နေပြည်တော်တွင် ပြုလုပ်မည့် မြန်မာသမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်ဟု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးထံက သတင်းရရှိပါသည်။ ထို့အပြင် အမေရိကန်သံအမတ်အသစ်သည် သူ၏ သံအမတ်ခန့်အပ်လွှာကို နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော်ထံ ပေးအပ်သွားမည်ဖြစ်ပါသည်။ သံအမတ်ခန့်အပ်လွှာ ပေးအပ်မည့်နေ့ကိုမူ တိကျစွာ မသိရှိရသေးပါ။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ သံအမတ်အသစ် မစ္စတာ စကော့မာရှယ်နှင့် ဇနီးတို့သည် မြန်မာနိုင်ငံသို့ မတ်လ ၂၅ ရက်နေ့ရောက်ရှိမည်ဖြစ်ပြီး ရောက်ရောက်ချင်း ရွှေတိဂုံဘုရားကို သွားရောက် ဖူးမျှော်မည်ဖြစ်ပါသည်။ ဝါရှင်တန်ရှိ မြန်မာသံအမတ် ဦးကျော်မျိုးထွဋ်သည် အမေရိကန်သံအမတ်အသစ်ကို ယခုလ ၁၈ ရက်က တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး အမေရိကန်သံအမတ်က မြန်မာနဲ့ အမေရိကန်ဆက်ဆံရေး တိုးတက်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှု တိုးမြင့်ရေးတို့ကို ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဝါရှင်တန်ဒီစီမြန်မာသံရုံး လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

Loading