
ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ယနေ့နံနက် ၈နာရီ ၁၅မိနစ်ခန့်က လေဆိပ်သို့သွားသည့် မိုးပျံရထားလိုင်း ပေါ်ရှိ ရမ်ခမ်ဟန်ဘူတာ၌ ရထားတစင်း လျှပ်စစ်ဓာတ် အားပြတ်တောက် သွားရာတံခါးများဖွင့်မရတော့ပဲ လေအေးပေးစက်များလည်းပိတ်သွားသဖြင့် ရထားပေါ်ပါ ခရီးသည်များမှာ ပူပြင်းသည့် ရာသီဥတု၌ မူးမေ့ကာလဲကုန်ကြောင်း Bangkok Post သတင်းမှာပါရှိပါတယ်။
ထိုနောက် ဆေးအဖွဲ့ ပါဝင်သည့် ကယ်ဆယ်ရေးရထားတစင်း ရောက်ရှိလာပြီး ခရီးသည်များကို ကယ်ထုတ်ကာ ရှေးဦးသူန ပြု နည်းဖြင့် ပြုစုပေးခဲ့ရကြောင်း ရေးသားထားပါတယ်။
လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ ရထားအသွားအလာရပ်တန့်သွားသဖြင့် လေဆိပ်သွားသည့် လမ်းကြောင်းပေါ်ရှိ ဘူတာများရှိ ခရီးသွားများဟာ လမ်းလျှောက်ကာ သွားလာခဲ့ရပြီး လေဆိပ်သွားသည့် လမ်းတကြောင်းတလျှောက် ခရီးစဉ်များကို ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။