သတင်းတို

လိပ်ကျွန်းအမှု အယူခံဝင်ရန် အချိန်တလ ထပ်မံခွင့်ပြု

This article has been converted from Zawgyi One to Unicode

logo1ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍  အယူခံဝင်မည့်ရက်အား အချိန်တလ တိုးပေးရန် တောင်းဆိုရာ တရားရုံးက ခွင့်ပြုပေးကြောင်း သိရသည်။

လိပ်ကျွန်းအမှုကို အယူခံဝင်ရန် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ အထိ ခွင့်ပြုပေးလိုက်ကြောင်း အမှုအား လိုက်ပါ ဆောင် ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။ မူလက သတ်မှတ်ထား သည့် အယူခံဝင်မည့်ရက်မှာ မတ်လ ၂၄ ရက် နေ့ဖြစ်သည်။

အချိန်တလ တိုးတောင်းရခြင်းသည် ခိုင်မာသည့် သက်သေ အထောက်များ ပိုမိုပြည့်ပြည့် စုံစုံရရှိနိုင်ရန် ဖြစ်ကြောင်း၊ ခွင့်ပြု ပေးသည့် အချိန်တလအတွင်း မှုခင်းဆရာဝန်ကြီး ဒေါက်တာဖွန်ထစ်၏ တရားရုံးတော်၌ တင်ပြခဲ့သည့် ဥပဒေကြောင်း ဆိုင် ရာ အထောက်အထားများအား တရားရုံးတော် အနေဖြင့် စနစ်တကျ ပြန်လည်သုံးသပ်ပေးရန် အဓိက တင်ပြလျှောက် ထား သွားမည် ဖြစ်ကြောင်း ဦးအောင်မျိုးသန့် က ပြောသည်။

ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ လေ့လာတွေ့ရှိချက်များအား မြန်မာအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာ ဥပဒေပညာရှင်များထံ ပေး ပို့ ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုင်း-မြန်မာ နှစ်နိုင်ငံမှ ဥပဒေ ပညာရှင်များ၏ လေ့လာသုံးသပ်ချက်များ ရရှိ ပြီး ပါက  ဧပြီလ ၂၂ ရက်နေ့မတိုင်ခင် အယူခံတင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဦးအောင်မျိုးသန့် က “ဒီတကြိမ်မှာတော့ အကောင်းဆုံးပြင်ဆင်ပြီး အယူခံဝင်နိုင်အောင်ကြိုးစားကြမှာပါ၊ အယူခံ ဝင်နိုင် မယ်လို့ လည်း ယူဆပါတယ်” ဟု ဆိုသည်။

ဗြိတိသျှ နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရသည့် လိပ်ကျွန်းလူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဖြစ်ပွား ခဲ့ပြီး၊ ထိုအမှုနှင့်ပတ်သက်၍ စွပ်စွဲဖမ်းဆီးခံခဲ့ရသည် ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့သည် လည်း၂၀၁၅ ခုနှစ်၊ ဒီဇင် ဘာလ ၂၄ ရက်နေ့က သေဒဏ်မှတ်ခဲ့ရသည်။

Loading