မြောက်ကိုရီးယားက ဒုံးပျံများကို ဖြန့်ချမထားမီ နောက်ဆုံး စမ်းသပ်မှုများပြုလုပ်နေရာ တာတိုပစ်ဒုံးပျံ ၅စင်းကို ဂျပန်ပင်လယ်ထဲသို့ မနေ့က ပစ်လိုက်ကြောင်း ပြုံယမ်းနိုင်ငံပိုင် သတင်းက ယနေ့ဖော်ပြလိုက်ပါတယ်။ အဲဒီနေ့ မှာပဲ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးကလည်း သူ့တိုင်းပြည်ရဲ့ တာဝန်ရှိသူများကို မြောက်ကိုရီးယားရဲ့ မဆင်မခြင်ရန်စမှုများကို တုန့်ပြန်မှုပြုလုပ်ဖို့ အဆင်သင့်ပြင်ထားဖို့ ပြောဆိုမှုနဲ့ တိုက်ဆိုင်နေပါတယ်။
ပြုံယမ်းအခြေစိုက် KCNA သတင်းဌာနအဆိုအရ “တိုက်ခိုက်ရေး ဒုံးပျံတွေ ဖြန့်ချမထားခင်မှာ ဘက်စုံသုံး ဒုံးပျံစနစ်ကို နောက်ဆုံးအဆင့် စမ်းသပ်ပစ်လွှတ်တာဖြစ်တယ်”လို့ ဆိုလိုက်တာပါ။
ပြီးခဲ့တဲ့ တပတ်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက စစ်ဘက်ဆိုင်ရာတွေကို နျူကလီး ယားနဲ့ ဒုံးပျံစမ်းသက်မှုတွေကို တိုင်းပြည်ကာကွယ်ရေးအတွက် အဆင်သင့်ပြင်ဖို့ ပြောဆိုထားပါသေးတယ်။