သတင်းတို
ဘရပ်ဆဲလ်လေဆိပ်၌ ပေါက်ကွဲမှုဖြစ်၊ လူ၁၁ဦးသေဆုံး
This article has been converted from Zawgyi One to Unicode

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ Zaventem လေဆိပ်အဆောက်အအုံမှာ ယနေ့နေ့လည်က ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားရာ လူ ၁၁ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရသွားတယ်လို့ ဘယ်ဂျီယံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ ခရီးသည်များပြန်လည်ထွက်ခွာပြုမည့် Departure ဧရိယာတွင် ဖြစ်ကြောင်းလည်း လူမှုကွန်ရက်များတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၄ရက် ဘယ်ဂျီယံရဲတပ်ဖွဲ့က က ပါရီအကြမ်းဖက်မှု၏ ကြိုးကိုင် Salah Abdeslam နှင့် အဖွဲ့ကို ဝင်ရောက်စီးနင်းဖမ်းဆီးပြီးနောက် ယခုလို ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပါတယ်။
ယခုအခါမှာ လေယာဉ်များထွက်ခွာခွင့်ပိတ်လိုက်ပြီး လေယာဉ်ကွင်းထဲရှိ လူများကိုရွေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။