သတင်းတို
ဘရပ်ဆဲလ်လေဆိပ် ဗုံးခွဲမှု ညီအကို ၂ဦး လုပ်ဆောင်ခဲ့
This article has been converted from Zawgyi One to Unicode
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဇာဗန်တမ်လေဆိပ် ဗုံးခွဲတိုက်ခိုက်မှုကို ခါလစ်နှင့် အီဗရာဟင်ဆို သည့် ညီအကို ၂ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဘယ်လ်ဂျီယံ အာဏာပိုင်တွေက ဖော်ထုတ် လိုက်ကြောင်း RTFB သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ ညီအကိုဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ လူသိများသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မနေ့ကဖြစ်ပွားတဲ့ ဘရပ်ဆဲလ်မြို့ လေဆိပ်နဲ့ မြို့လည် ဘူတာရုံ ဗုံးခွဲတိုက်ခိုက်မှုမှာ လူပေါင်း ၃၄ဦး သေဆုံးကာ ၂၃၀ဦး ဒဏ်ရာရရှိခဲ့ ပြီး၊ ဒီ ဗုံးခွဲတိုက်ခိုက်မှုကို အစ္စလမ်မစ် ဂျီဟတ်ဒ်အဖွဲ့က သူတို့ရဲ့ လုပ်ရပ်ဖြစ်တယ်လို့ မနေ့က ပြောကြား ထားပြီးဖြစ်ပါတယ်။