
အမေရိကန် သမ္မတအိုဘားမားရဲ့ သမိုင်းဝင် ကျူးဘားနိုင်ငံခရီးစဉ်မှာ ကျူးဘားအပေါ် ချမှတ် ထားတဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှု ပေါ်လစီကို ပြန်ပြီးရုပ်သိမ်းဖို့ ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာကျော် ကျူးဘား ဆေးပြင်းလိပ်တွေကို တင်ပို့ပြီး အမေရိကန်နိုင်ငံမှာ တရားဝင် ရောင်းချခွင့် ရှိတော့မှာ ဖြစ်ပါတယ်။
လက်ရှိတည်ဆဲဥပဒေအရ ကျူးဘားကို သွားလည်တဲ့ အမေရိကန်နိုင်ငံသားတဦးဟာ ဒေါ်လာ ၁ဝဝ ဖိုးတန်ဖိုးရှိတဲ့ ကျူးဘားဆေးပြင်းလိပ်ကို ဝယ်ယူပြီး သူ့နိုင်ငံထဲကို ပြန်လည်သယ် ခွင့်ရှိပါတယ်။ ဒါက သမ္မတ အိုဘားမား ရဲ့လက်ထက် ၂ဝ၁၅ မှာ ချမှတ်ခဲ့တဲ့ ပေါ်လစီပါ။ အရင်ကဆိုရင်တော့ လုံးဝကို ဝယ်ယူတင်သွင်းခွင့် မရှိခဲ့ပါဘူး။
အမေရိကန်က ပိတ်ဆို့ထားတာကို လုံးဝဖြေလျှော့လိုက်မယ်ဆိုရင် အမေရိကန်ရဲ့ ဈေးကွက်ထဲကို ကျူးဘား ဆေးပြင်းလိပ်က ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကို စိတ်ဝင်စားနေတဲ့ Tobacco ကုမ္ပဏီတွေက အများအပြား ရှိနေတာ ဖြစ်ပါတယ်။
အကောင်းဆုံးဆေးရွက်ကြီးကို လက်နဲ့ လိပ်ထား တဲ့ နာမည်ကြီး ကျူးဘားဆေးပြင်း လိပ်ဟာ ဒေါ်လာ ၅ဝ ကနေ ၅ဝဝ ကျော်အထိ တန်ဖိုးရှိတာ ဖြစ်ပါတယ်။
အမေရိကန်တွေ သောက်နေတဲ့ ကျူးဘားဆေးပြင်းလိပ်တွေ အများစုဟာ အတုတွေပဲ ဖြစ်ပြီး တကယ်လို့ ဈေးကွက်ကိုသာ ဖွင့်ပေးလိုက်မယ်ဆိုရင် ဒေါ်လာသန်းနဲ့ ချီတဲ့ ဆေးပြင်းလိပ် ဈေးကွက်ဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။
တကယ်တော့ ကျူးဘားရဲ့ ကမ္ဘာကျော် ပို့ကုန်ဟာ ဟာဗားနား ဆေးပြင်းလိပ်ဖြစ်သလို ကမ္ဘာကျော်ခဲ့တဲ့ ပုံရိပ်ဟာလည်း ကျုးဘားရဲ့ ခေါင်းဆောင်ကြီး ဖီဒယ် ကက်စထရိုဖြစ်ပါတယ်။
ကျူးဘားကို အမေရိကန်က ၁၉၆ဝ ဝန်းကျင်ကတည်းက စီးပွားရေး။ ကုန်သွယ်ရေးတွေကို ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။