ပြင်သစ်နိုင်ငံသားတဦးကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှုနဲ့ မနေ့ကဖမ်းဆီးလိုက် တယ်လို့ ပြင်သစ် ပြည် ထဲရေးဝန်ကြီး ဘားနဒ် ခါဇန်နူဗ်က ကြေညာသွားပါ တယ်။ ပြင်သစ်ရဲတပ်ဖွဲ့က ပါရီမြို့စွန်က Argenteuil အရပ်မှာ ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးလိုက်တာဖြစ်ပြီး၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်မှုကိုတော့ မတွေ့ရဘူးလို့ ပြောပါတယ်။
ပြင်သစ်ဗုံးရှင်းလင်းရေးအဖွဲ့တွေဟာ Argenteuil အရပ်ကို အားလုံးပိတ်ကာ ရှင်းလင်းရှာဖွေ မှုတွေ ပြုလုပ်ခဲ့ တယ်လို့့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ပါရီတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူ ဆာလာ အဗ္ဗဒီ ဆလမ် ဆိုသူကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့က ဖမ်းဆီးခဲ့ပြီးနောက် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့က လေဆိပ်နဲ့ မြေအောက်ဘူတာရုံတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ လူပေါင်း ၃၀ကျော်သေဆုံးခဲ့ရပါတယ်။
ပါရီတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူ ဆာလာ အဗ္ဗဒီ ဆလမ် ဟာ ဘယ်လ်ဂျီယံမှာ တိုက်ခိုက်မှုတွေကို စနစ်တကျ အစီအစဉ်ရေးဆွဲပြီး တိုက်ခိုက်ခဲ့ တယ်လို့ ယနေ့ထုတ် ဘယ်လ်ဂျီယံသတင်းစာတွေက ဆိုပါတယ်။