သတင်းတို

မြန်မာဘောလုံးအသင်းမှာ ထူးချွန်တဲ့လူငယ်များရှိဟု အာဆင်နယ် ကစားသမားဟောင်းပြော

This article has been converted from Zawgyi One to Unicode

ဆွီဒင်လက်ရွေးစင်နဲ့ အာဆင်နယ်ကစား သမားဟောင်း ဖရက်ဒစ် လယွန်းဘတ်ကို ယနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ တွေ့ရစဉ်(ဓာတ်ပုံ - ပြေကျော်/ ဧရာဝတီ)
ဆွီဒင်လက်ရွေးစင်နဲ့ အာဆင်နယ်ကစား သမားဟောင်း ဖရက်ဒစ် လယွန်းဘတ်ကို ယနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ တွေ့ရစဉ်(ဓာတ်ပုံ – ပြေကျော်/ ဧရာဝတီ)

မြန်မာဘောလုံး လက်ရွေးစင်အသင်းများမှာ ထူးချွန်တဲ့လူငယ် ကစားသမားများ ရှိနေပြီး သူတို့ကို သေသေ ချာချာ လေ့ကျင့်ပျိုးထောင်ပေးဖို့လိုအပ်ကြောင်း ဥရောပချန်ပီယံလိဂ် ဆုဖလားလှည့်လည်ရေး အစီအစဉ်နှင့် အတူ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဆွီဒင်လက်ရွေးစင်နဲ့ အာဆင်နယ်ကစား သမားဟောင်း ဖရက်ဒစ် လယွန်းဘတ်က ယနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ကျနော် မြန်မာအသင်းပွဲ မကြည့်ဖူးသေးပေမယ့် သတင်းတွေမှာ ထူးချွန်တဲ့လူငယ်တွေ ရှိနေတာသိရတယ်၊ သူတို့ကို သေချာပြုစုပျိုးထောင်နိုင်ရင် ထိပ်ပိုင်းကို ရောက်လာနိုင်မှာပါ”လို့ သူက ဆိုပါတယ်။

အဆိုပါ ဆွီဒင်လက်ရွေးစင်နဲ့ အာဆင်နယ်ကစားသမားဟောင်း ဖရက်ဒစ် လယွန်းဘတ်ဟာ Heineken က ကြီးမှူးကျင်းပတဲ့ ဥရောပချန်ပီယံလိဂ် ဆုဖလားလှည့်လည်ရေး အစီအစဉ်နှင့်အတူ ကမ္ဘာ့ဘောလုံး သံတမန် တဦးအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေတာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဗိုလ်မစွဲခဲ့တာ ကြာမြင့် ပြီဖြစ်ပေမယ့် ယူ-၁၉ လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၅ လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ကာ အုပ်စုအဆင့်ကို ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းမှာလည်း ဒုတိယရရှိခဲ့ပါတယ်။

လယွန်းဘတ် ဟာ အာဆင်နယ်အသင်းမှာ ၁၉၉၈ မှ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၂ လုံး၊ FA Cup ၃ လုံးရရှိခဲ့ပြီးနောက် ဝက်စ်ဟမ်း၊ ဆဲလ်တစ်၊ MLS ၊ J-League၊ Indian Super League များကို ပြောင်းရွေ့ကစားခဲ့ပါတယ်။

ဆွီဒင်လက်ရွေးစင် အသင်းခေါင်းဆောင် တဦးလည်းဖြစ်သူ လယွန်းဘတ် ဟာ ကစားသမားဘဝမှာ ချန်ပီယံ လိဂ် ဖလားရယူနိုင်ခြင်း မရှိခဲ့သော်လည်း နာမည်ကျော် ဥရောပ ချန်ပီယံလိဂ်မှာ ၆၅ ပွဲကစားကာ ၁၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကစားသမားက အနားယူခဲ့ပါတယ်။

အခုအခါမှာတော့ ကမ္ဘာ့ဘောလုံး သံတမန်တဦးဖြစ်တဲ့ လယွန်းဘတ်ဟာ မနက်ဖြန်(မတ် ၂၆ ရက်) ညနေပိုင်း ရွှေထွဠ်တင်ကွင်းမှာ ချန်ပီယံလိဂ် ဆုဖလားနှင့် အတူ ပရိသတ်များနှင့် အမှတ်တရဆင်နွဲမည့် အစီအစဉ်များ တွင် ပါဝင်ဆင်နွဲ့မှာဖြစ်ပါတယ်။

(ထွန်းထွန်းရေးသား ပေးပို့သည်)

Loading